~..ပန်းနုရောင် ကာနေးရှင်း..~

987 21 0
                                    

" ပုံစံမမှန်​တဲ့ ချစ်​ခြင်း​တွေက.. "

ကိုရီးယား စကားလုံး​တွေ အထပ်​ထပ်​ဖြစ်​နေ​တဲ့ စာရွက်​ကို ကြည့်​ရင်း စိတ်​ပျက်​လက်​ပျက်​ဖြစ်​မိသွား​သော ရုပ်​သွင်​ကို ထိမ်းကာ.. စိတ်​၀င်​စားဟန်​.. ခါးမတ်​မတ်​ပြန်​ပြင်​ထိုင်​လိုက်​မိသည်​..။

မျက်​နှာပြင်​တစ်​လျှောက်​ပြေးလွှား​နေ​သော လက်​ချောင်းတို့ကို အာရုံမစိုက်​မိ​အောင်​လည်း သတိထား​နေရခြင်း​ကြောင့်​ဂျုံဒယ်​အဖို့ တစ်​မျက်​နှာ​ကျော်​ကျော်​သာ ရှိ​သော စာပိုဒ်​လေးကို အလွတ်​မမှတ်​နိုင်​ပဲ ရှိ​နေ​လေသည်​..။

'ဒီလိုပုံစံက​နေ့တိုင်းပဲလား..။ သူ ဘယ်​လိုများ​နေထိုင်​လေသလဲ' လို့ ခပ်​အူအူ​တွေးမိလိုက်​ကာ မှန်​ချပ်​ပေါ်က ကိုယ့်​ပုံရိပ်​ကို ပြန်​ငေးရင်း စိတ်​တွေ ရှုပ်​ထွေး​နောက်​ကျိလာ​လေသည်​..။

ခပ်​ပါးပါးရ​နေသည့်​မိတ်​ကပ်​နံ့က.. ဂျုံဒယ်​နှင့်​သိပ်​သဟဇာတ ဖြစ်​ပုံ​တော့မရ..​သေ​သေသပ်​သပ်​ဖိပြင်​ပေး​နေသည့်​stylelist ကိုပါ မဆီမဆိုင်​ဒေါသထွက်​ချင်​လာ​လေပြီ..

" ပုံစံမမှန်​တဲ့ ချစ်​ခြင်း​တွေက.. ဒါနဲ့ .. အွန်​နူနာ.. ကျ​တော်​တို့ မပြီး​သေးဘူးလားဟင်​.. "

စာ​ကြောင်းကို ပြန်​ဖတ်​ရင်းနဲ့မှ .. မခံရပ်​နိုင်​တော့စွာ.. စကား​ဖြတ်​ပြောကာမိ​လေသည်​.. အနည်းငယ်​အထိမခံနိုင်​တော့​သော အသံ​ကြောင့်​လားမသိ ..​ခေါင်းတဆတ်​ဆတ်​နဲ့ နူနာက..

'ချန်းက​တော့..​ယောရှိ့ (တကယ့်​) ချန်းပါပဲလား' လုိ့ ခပ်​တိုးတိုးရွတ်​ရင်း.. အပြီးသတ်​.. တို့ပတ်​ရိုက်​ကာ.. အမျိုးမျိုး အစုံစုံ ခင်းကျင်းထား​သော မိတ်​ကပ်​ဘောက်​ကို တစ်​ခုချင်းစီ.. ပြန်​ကောက်​သိမ်း​လေသည်​..။

လှည့်​သွားသည့်​နူနာရဲ့​ကျောပြင်​ကို ဖျတ်​ခနဲ​အကြည့်​ပို့လိုက်​မိ​တော့.. မှန်​ပေါ်မှာ​ပေါ်​နေသည့်​ကိုယ့်​ပုံရိပ်​ကို မမြင်​ချင်​ပါလျက်​.. ထပ်​မြင်​ရ​လေသည်​..။

ဒီနှုတ်​ခမ်း​တွေ.. ဒီမျက်​လုံး​တွေ.. ပြီး​တော့.. ဒီမျက်​နှာပြင်​..။

~.. ချန်း ..~ (unicode)Where stories live. Discover now