~.. ဂင်ဂျုံဒယ် ..~

113 8 1
                                    

" ဂျုံဒယ်​.. မသွားရဘူးနော်"

သူတို့ရဲ့ ပန်းဆိုင်လေးရှေ့မှာ လူတွေ စုစုရုံးရုံးဖြစ်နေတာကို အချိန်ပိုင်းအလုပ်သမားလေး ဂျုံဒယ်က တံခါးပေါက်ကနေ ကုတ်ချောင်းချောင်းဟန်နဲ့ ခေါင်းပြူထွက်ပြီး လှမ်းကြည့်တယ်၊ ဆိုင်ပိုင်ရှင် အစ်မကြီးက သူ့ကို မာန်ရင်း မျက်မှောင်ကုတ်ကြည့်နေပေမဲ့ ဂျုံဒယ့်ခြေထောက်တစ်ချောင်းက အပြင်ရောက်နေနှင့်ပြီ..

လူတွေဝိုင်းအုံထားတဲ့ကြားမှာ သီချင်းလေးညည်းပြနေတဲ့ ပုံရိပ်သေးသေးလေးက သူ့ကို စိတ်ဝင်စားစရာအပြည့်ဖြစ်စေတယ်လေ၊ စူးရှမှုနဲ့ ချိုမြိန်မှုကို ထပ်တူခံစားရစေတဲ့ ကောင်လေးရဲ့ သီချင်းဆိုသံကို အနည်းငယ်မျှ ကြားရပေမဲ့ လူထုရဲ့ ကာရံမှုတွေက ဂျုံဒယ့်ကို မချင့်မရဲဖြစ်စေတယ်၊ ပန်းနုရောင်ဖျော့ဖျော့ဆွယ်တာပွပွနဲ့ ဒီကောင်လေးက နူးညံ့ပြီး လှပသိမ်မွေ့တဲ့ ပွင့်ဖတ်ပွင့်လွှာလေးလိုပဲ၊

ဂျုံဒယ်က စိတ်ကို ညို့ရစ်ဆွဲငင်ခံရသလို တလှမ်းချင်း တစ်လှမ်းချင်း တဖြည်းဖြည်းရွေ့သွားတယ်၊ ချိုမြနွေးထွေးတဲ့ သံစဉ်က သူ့ကို ယဉ်ယဉ်လေး ရူးသွပ်အောင်လုပ်တော့မယောင်ပဲ .. ပထမတစ်လှမ်း၊  ဒုတိယတစ်လှမ်း၊ ပြီးတော့.. နောက်ထပ် တစ်လှမ်း..၊ တစ်စထက် တစ်စ.. ကောင်လေးရဲ့ မျက်နှာတစ်ခုလုံးကို ရှင်းလင်းနီးစပ်လာတဲ့ ဂျုံဒယ်က ဘ၀အဆက်ဆက် တောက်ပလင်းလဲ့တဲ့ အလင်းရောင်တစ်ခုကို ရှာတွေ့သလိုမျိုး ခံစားလိုက်ရတယ်၊

အဲ့ဒါက.. အဲ့ဒါက ၊
အဆတ်အပြတ် မောဟိုက်နာကျင်နေရတဲ့ ဒဏ်ရာကို တစ်ကြိမ်တစ်ခါတည်းနဲ့ ထိတွေ့ဖလှယ်ယူခံလိုက်ရသလိုပဲ..၊ ၀င်သက်မရှိတော့တဲ့လူလို  ပကတိ ငြိမ်သက်သွားတဲ့ ဂျုံဒယ်က ကောင်လေးရဲ့ နှုတ်ဖျားက ပျားရည်ပွင့်တွေဆီမှာသာ စိတ်နှလုံးကို တည်ထားမိခဲ့တယ်၊ အဲ့ဒါက ဘယ်လောက်တောင် နူးညံ့ညင်သာလည်းဆိုရင် တသိမ့်သိမ့်ခုန်လှုပ်နေတဲ့ နှလုံးသွေးတွေအကြားက ပန်းနုရောင်ဆွယ်တာလေးအပေါ်ကို နှင်းပွင့်ကလေးပဲဖြစ်ဖြစ် ခပ်ဖွဖွ ကြွေခလာရင်တောင် သူ့မှာ ကျိုးကြေမွသွားမတက်ပါပဲ၊

လှပကြင်နာတဲ့ အမြင့်သံတွေကို အလွယ်တကူကျော်ဖြတ်သွားနိုင်လိုက်ရင်း သီချင်းကို ကောင်းမွန်စွာ အဆုံးသတ်လိုက်တဲ့ ကောင်လေးရဲ့ အသံအဆုံးမှာ ဂျုံဒယ်ဟာ အားကုန်မောဟိုက်သူလို ဒူးကို ညွှတ်ပြီး အသက်ခပ်ပြင်းပြင်းရှူမိလိုက်တယ်၊ ခြောက်ခြားမှု၊နာကျင်မှု၊၀မ်းနည်းမှုတွေကို လုံးဝ မခံစားရပါပဲနဲ့ သူ့မျက်ဝန်းတွေက တစ်ဆက်တည်းစ်ိုရွဲလာတယ်၊ ဒါကရော ဘယ်လိုခံစားမှုမျိုးလဲ.. ပထမဆုံးတွေ့မိတဲ့လူအတွက် ဂုဏ်ယူမိတာလား၊ ပျော်ရွှင်မိတာလား၊

~.. ချန်း ..~ (unicode)Where stories live. Discover now