~.. လ၀န်းငယ် ..~

158 9 3
                                    

~ လူတစ်​ယောက်​ရဲ့.. ရင်​ဘတ်​မှာ.. နာကျင်​ဆုံးရှုံးရခြင်း​တွေရှိတယ်​.. ၊ ~

" ဂျွန်​ဂျွန်​.. "

ဂျွန်​မြောင်​တို့ မ​နေ့ညက ဂိမ်းနှိပ်​လွန်​ပြီး.. အိမ်​စာမလုပ်​ခဲ့သမျှ.. ဆရာမ,မ၀င်​ခင်​အသည်းအသန်​.. ကုန်းရုန်းလုပ်​နေရသည်​လေ.. ၊ အဲ့တာကိုပဲ..​ဘေးက.. ဘတ်​ဟျွန်းဟာ.. အလိုက်​ကန်းဆိုးမသိ လက်​မောင်းကို တွန်း​ထိုး​နေသည်​မို့.. မျက်​စောင်းဝင့်​ထိုး​တော့.. အတန်း​ရှေ့ကို.. ကြည့်​ရန်​.. လက်​ဟန်​ခြေဟန်​ပြ​လေသည်​..။

" ဘာလဲ.. "

စာအုပ်​က​နေ .. မျက်​လုံးကို မခွာချင်​.. ခွာချင်​ခွာလိုက်​ပြီး.. အတန်း​ရှေ့ကို.. ဆတ်​ခနဲ​မော့ကြည့်​တော့.. ချက်​ချင်း​ပြန်​ခေါင်းငုံ့မချနိုင်​တော့သည့်​.. ဂျွန်​မြောင့်​ကြောင့်​..
ဘေးက .. ဘတ်​ဟျွန်းက ခွိခနဲ.. ခပ်​တိုးတိုး ရယ်​သံဖြင့်​.. ဂျွန်​မြောင့်​ပုခုံးကို လက်​နဲ့ ဖတ်​ခနဲ.. လာရိုက်​ရင်း ရယ်​သည်​..

" မင်းရဲ့ လူကြီး.. အဟမ်း.. ဂျွန်​ဂျွန်​.. မျက်​လုံး​လေးနည်းနည်းခွာ.. "

​ကျောင်းယူနီ​ဖောင်းကုတ်​ကို ချွတ်​ထား​၍ သင့်​တင့်​ပြည့်​စုံသည့်​ခန္ဓာကိုယ်​အချိုးအဆစ်​နှင့်​အစ်​ကိုက.. ရှပ်​အဖြူကို.. လက်​တံ​တောင်​ထိ.. ပင့်​တင်​ထားရင်း.. သင်​ရိုးစာအုပ်​တို့ကို.. စီ​နေ​အောင်​ထပ်​သည်​..၊​အတန်းတက်​စာရင်း စာအုပ်​ကို.. ဖတ်​ရင်း.. လူစစ်​သလို.. တစ်​ယောက်​ချင်းစီ လိုက်​ကြည့်​နေ​သော.. အစ်​ကိုက.. ဂျွန်​မြောင့်​ဆီသို့ အကြည့်​အ​ရောက်​.. လှစ်​ခနဲ.. ပြုံးပြ​လေသည်​..၊

ထိုမျက်​၀န်းတို့သည်​.. တည်​ကြည်​လေးနက်​သည့်​အရိပ်​အ​ငွေ့တို့ ခို​အောင်း​နေ​၍ ဖြူနစ်​ဆင်း​သော.. ပါးပြင်​မှ.. ပါးချိူင့်​နက်​နက်​သည်​.. ရင်​ခွင်​အား.. တအုံ့အုံ့​နွေး​နွေး ဖြစ်​စေရင်း.. ဂျွန်​မြောင်​.. လက်​ထဲက..​ဘောပင်​ကို အလကား​နေ ဆုတ်​ညစ်​နေမိသည်​.. ။ ဘတ်​ဟျွန်းက..​နောက်​တစ်​ကြိမ်​.. ပုခုံးကို လာတိုက်​အသိ​ပေးပြန်​သည်​..။

" တီ​လေးက.. အစည်းအ​ဝေးပွဲသွားရမယ်​ဆိုလို့.. အစ်​ကို အတန်းလာ​စောင့်​ပေးတာ.. ၊ တိုးတိုး​လေး​နေပြီး.. လုပ်​စရာရှိတာ လုပ်​ကြ​နော်​.. "

~.. ချန်း ..~ (unicode)Where stories live. Discover now