~.. ချန်း ..~

160 8 0
                                    

အသက်​၁၄ နှစ်​အရွယ်​.. ချန်း ဖြစ်​သည်​.. ၊

အထက်​တန်း​ကျောင်းဝတ်​စုံ ခပ်​ကြေ​ကြေအား.. ချန်း မျက်​မှောင်​ကုတ်​ပြန်​ဆွဲချ ဖြန့်​လိုက်​ရင်း.. မျက်​စိ​အောက်​က​ခေါက်​ဆွဲဘူးအား.. စားချင်​စိတ်​မရှိစွာ.. တူဖြင့်​မွှေ​နေ​ခဲ့သည်​.. ၊

ဘယ်​ကို သွားရပါ့...၊

မိုက်​မိုက်​ရူးရူးနဲ့ အိမ်​ပေါ်က ဆင်းဆင်းလာချင်းပင်​..​ကျောပိုးအိတ်​တစ်​လုံးနှင့်​အ​ကြွေအနည်းငယ်​မျှသာ ပါလာသည်​ကို သိသိရချင်း .. ချန်း အလွန်​အမင်း စိတ်​ပျက်​ခဲ့ရ​လေသည်​.. ၊​ဤ ခေါက်​ဆွဲပြုတ်​တစ်​ပွဲ ပြီးလျှင်​ကို ဗိုက်​ထဲဆက်​ဖြည့်​စရာ.. ဘာဆိုဘာမှမရှိ​တော့.. ၊

"​ထိုင်​လို့ရလား.. "

​ဘေးချင်းကပ်​ရပ်​ခုံတွင်​အ​အေးတစ်​ဘူး​ရောက်​လာရင်း.. ချန်း အား ရည်​ရွယ်​သည့်​မေးသံ တဆတ်​တည်း ကြားလိုက်​ရတာ မုိ့.. ချန်း​မော်​မကြည့်​ပဲ..​ခေါင်းငြိ်​မ့်​ပြလိုက်​လေသည်​.. ၊ လက်​ရှိအ​ခြေအ​နေအရ.. ဘယ်​သူနဲ့မှ စကား​ပြောချင်​စိတ်​မရှိ​ပေ.. ။

​ဘေးနားဝင်​ထိုင်​လိုက်​သည့်​လူကို ခံစားသိရ​သော်​လည်း.. ချန်း က​တော့..​ခေါင်းငုံ့ရင်း​ခေါက်​ဆွဲပြုတ်​က်ို အ​မွှေမရပ်​.. ၊ ဗိုက်​ဘယ်​လို ဖြည့်​ရမလဲထက်​.. ဒီည ဘယ်​နား သွားအိပ်​ရမလဲက ပိုအ​ရေးကြီးခဲ့​လေသည်​.. ။

" က​လေး.. မင်း​ခေါက်​ဆွဲ​တွေ ပွကုန်​ပြီ.. "

" ခင်​ဗျား အပူမပါ ပါဘူး! "

အနည်းငယ်​ဆတ်​တောက်​တောက်​နိုင်​တဲ့ အသံနဲ့ ချန်း တုံ့ပြန်​လိုက်​ရင်း..​ဘေးနားက လူကို ခပ်​စူးစူး စိုက်​ကြည့်​ပစ်​လိုက်​လေသည်​.. ၊ ခပ်​ဖြူဖြူ အသားအ​ရေနှင့်​ထိုလူစိမ်းက တရင်းတနှီး ပြုံး​ပြ​နေတာမို့.. ချန်း အနည်းငယ်​ကြောင်​အမ်းသွားရရင်း.. မျက်​နှာ အမြန်​လွှဲပစ်​လိုက်​လေသည်​.. ၊

ငါ နဲ့ သိတဲ့ လူများလား.. ၊ အူလည်​လည်​တွေးလိုက်​ရင်း.. တူကို​ဆောင့်​ချလိုက်​လေသည်​.. ။
မသိတဲ့လူဆိုလျှင်​တောင်​..  ချန်း အပြုအမူက .. အနည်းငယ်​တော့ အားနာဖို့​ကောင်း​လေသည်​မလား... ၊

~.. ချန်း ..~ (unicode)Where stories live. Discover now