Both Zawgyi and Unicode
Thanks for reading
Author
......
နတ်ဆိုးဂေါဒသည် အားလက်စ်ဖခင်ကို ပခုံးမှဆွဲကာ တွန်းဖယ်လိုက်သည်။ သွားချွန်များအားလုံးပေါ်လာသည်အထိ ပါးစပ်ကြီးကိုဖြဲကာပြုံးပြီး အားလက်စ်တို့ရှိရာ လျှောက်လာသည်။ အပေါက်အပြဲ အနာဒဏ်ရာများနှင့် ပြည့်နေသော တောင်ပံကြီးသည် နောက်မှာ တန်းလန်းကြီးပါလာသည်။
"ကလေးမလေးရဲ့ သွေးနံ့က မွှေးနေတာပဲ ဟဲ ဟဲ.."
ဖလော်ရာတို့တောထဲရောက်လာချိန်ကတည်းက ဂေါဒနောက်ယောက်ခံလိုက်နေခဲ့ခြင်းဖြစ်သည်။ ဒန်နရယ်ကြောင့် လူသားများကို အန္တရာယ်မပြုရဲပေမယ့် သွေးနံ့ရတိုင်း ဆာလောင်မှုကို မထိန်းနိုင်။
"ဒါ..ဒါ.. ကျုပ်ရဲ့သားပါ အရှင်ဂေါဒ။ သူ ကျုပ်တို့အဖွဲ့၀င်မဟုတ်ဘူး။ ဒီအကြောင်းတွေလည်း ဘာမှမသိဘူး။"
အားလက်စ်ဖခင်မှာ လဲကျနေရာမှ ကုန်းရုန်းထနေသည်။ အားလက်စ်သည် ဖလော်ရာကိုကိုယ်နှင့်ကွယ်ရင်း မိမိရှေ့မှ နတ်ဆိုးကို မကြောက်မရွံ့ စိုက်ကြည့်နေသည်။ ဖလော်ရာလေးမှာမူ အားလက်စ်၏ အင်္ကျီကျောနေရာကို အတင်းဆုပ်ထားရင်း မျက်စိမဖွင့်ရဲ။
ဂေါဒ ခြေလှမ်းရပ်သွားသည်။ အားလက်စ်ကို ငုံ့ကြည့်နေသော မျက်လုံးများသည် ပြူးကျယ်လာသည်။ နှာခေါင်းကိုရှုံ့ပွရင်း လေထဲတွင် အနံ့ခံနေသည်။ ထိုနောက်တွင်တော့ မိမိရှေ့မှ အားလက်စ်ကို ပြန်ငုံ့ကြည့်သည်။ ဘေးနှစ်ဖက်မှ ခေါင်းများထံမှ အသံမျိုးစုံထွက်လာသည်။ ဘာမှနားမလည်နိုင်လောက်သည့် ထစ်ထစ်အအ စကားများဖြစ်သည်။ အချင်းချင်း အငြင်းပွားနေသည့်ဟန်တူသည်။
အားလက်စ်ကို အာရုံစူးစိုက်နေသော ဂေါဒသည် ရုတ်တရက် အာရုံပြောင်းသွားသည်။ တောစပ်နေရာကို လှမ်းကြည့်ရင်း မာန်ဖီသံကြီးပြုသည်။ ထို့နောက်တွင်တော့ အားလုံးကိုကျောခိုင်းကာ တောနက်ထဲသို့ တောင်ပံစုတ်ကြီးကို တရွတ်တိုက်ဆွဲကာ ပြေး၀င်သွားသည်။ သွေးများရှိနေသော သံဇလုံကြီးကိုပင် ယူသွားရန် သတိမရတော့။ ဂေါဒထွက်သွားသည်နှင့် အားလက်စ်ရှိရာသို့ ဖခင်ဖြစ်သူ ရောက်လာခဲ့သည်။
KAMU SEDANG MEMBACA
Dark Angel ( S - 2 )