Jisoo
စတွေ့တဲ့နေ့တုန်း သူ့အပေါ်မှာ ဘယ်လိုမှမခံစားခဲ့ရတာ
အမှန်ပဲ.… ဒါပေမယ့် သူနဲ့ တစ်စုံတစ်ရာကို အဖွဲ့တစ်ဖွဲ့
ထဲမှာ လုပ်ရတော့မယ် သူနဲ့ အတူတူလုပ်ရတော့မယ်ဆို
တော့ ကျွန်မအရမ်းပျော်ရွှင်မိခဲ့တာ တော့အမှန်ပဲ… နောက်
တော့မှ တဖြည်းဖြည်းကျွန်မသိလာတယ်… ကျွန်မသူ့အပေါ်
သံယောဇဉ် ရှိနေမိပြီဆိုတာကိုပေါ့ … သူမရဲ့အမူအရာ
လေးတွေ သူမရဲ့ ကျမအပေါ် ဂရုစိုက်ပေးမှုတွေ ကြောင့်
အဲ့ ကောက်မလေးကို ကျမ သံယောဇဉ်တွယ်မိလာတယ်
Dorm မှာ အတူနေရတာကြောင့် နံနက်ထလည်း ကျမ သူ့ကိုပဲ လိုက်ရှာမိတယ်… သူမအပေါ် အချိန်တိုလေးနဲ့
အဲ့လောက် သံယောဇဉ်ဖြစ်မိသွားမယ် "ချစ်မိသွားမယ်"
လို့ဘယ်သူကထင်မှာလဲ? ကျမရဲ့ ဖြစ်တည်မှုတစ်ခုကြောင့်
လောကကြီးရဲ့ ခွဲခြားမှုတွေကြောင့် မပိုင်ဆိုင်နိုင်မှန်း သိပါတယ် ဒါပေမယ့် စချစ်ကတည်းက ကျမက ပိုင်ဆိုင်ရ
မယ်ဆိုပြီး ချစ်ခဲ့တာမှမဟုတ်တာ :') ဒီအတိုင်းသူမ မျက်နှာ
လေးကိုကြည့်ရင်း ချစ်မိနေရတာ ပျော်ရွှင်နေမိတယ်အဲ့လောက်ကလေးတောင်လုပ်လို့မရဘူးလား??……
Jennie
သတိထားမိတဲ့ အချိန်နဲ့ အခုလိုချစ်သွားခဲ့တဲ့ အချိန်က
သူများတွေလို 5နှစ်6နှစ်မပြောနဲ့ 1နှစ်တောင် မရှိခဲ့ဘူး
အဲ့ဒီအချိန်တို ကလေးအတွင်းမှာပဲ သူများအမြင်ကတ်လောက်တဲ့အထိ ဂရုစိုက်မှုတွေ ချစ်ခင်ပေး
မှုတွေ မရေမတွက်နိုင်လောက်အောင် ပဲ…… ဒါပေမယ့်…
ကျမစိတ်ထဲမှာ သူ့အပေါ် မသေချာမရေရာတဲ့ စိတ်တွေရှိ
နေတာအမှန်ပဲ… တစ်စုံတစ်ယောက်နဲ့ ခွဲခွာရခြင်းအတွက်
ကျမ အဲ့လောက်ဝမ်းမနည်းခဲ့ဘူးဖူး… ဘယ်တုန်းကရော
တစ်စုံတစ်ယောက် ငိုနေတဲ့ အချိန် ငိုနေတုန်း ကိုယ့်ကိုကိုယ်
" အသုံးမကျဘူး" လို့ပြောနေတဲ့ အချိန် ရင်ထဲမှာ စို့နင့်နေ
အောင် ခံစားခဲ့ရဘူးလဲ…? သူပျော်ရွှင်နေရင် ကိုယ်ပျော်နေ
တာမျိူ း စာမကျက်ချင်ဘူးလို့ပြေရင် "မကျက်ချင်ရင်မကျက်
နဲ့ တခြား ဟာလုပ် " အဲ့လိုမျိုးလေးတွေ ပြောပေးတာမျိုး
သူမရဲ့အပြစ်ကင်းစင်လွန်းတဲ့ မျက်နှာလေးကို ကျမ
ဒီအတိုင်းလေး ငေးကြည့်မိနေတယ် ……အဲလောက်ကလေး ကို လောကကြီးက အပြစ်တင်နေမှာလား?.
---------------------------------------------------------
YOU ARE READING
My First And Last [completed] {unicode}
Randomunicodeနဲ့ zawgyi အပြောင်း အလဲ ကြောင့် ဒီ fic လေးကို Unicode နဲ့ရော Zawgyi နဲ့ရော နှစ်မျိုးတင်ပေးပါ့မယ်နော်...