fifteen -our journey

512 33 0
                                    

Jisoo ကတော့ Jen ကို ကြည့်ပြီး ပျော်သလို ဝမ်းလည်း ဝမ်းနည်းရတယ် .. Jen ကသာ ကြိုးစားနေတာ သူ့ မိသားစုက သူ့ကို လက်ခံ မည် လက်မခံ မည်ကို သေချာ မသိ..

နောက်ဆုံး ကတိ ပေးထားတဲ့ အတိုင်း Jennie ဒုတိယ နှစ်မှာ A နှစ်ဘာသာ ပါပြီး အောင်ခဲ့တယ်

Jisoo လည်း Jennie အိမ်ကို သွားရမှာ အရမ်း စိတ်လှုပ်ရှားနေခဲ့တယ်....

•••••••••••••••••••••••••••••••••••••••••••••••••••••••••
Jisoo တစ်ယောက် သူ့အိမ် ရှေ့မှာ အထုတ် အပိုးတွေနဲ့ စောင့်နေတယ် ခန အကြာမှာ Jennie Jisoo အိမ်ရှေ့ရောက်လာပြီး ပြေးဖက်လိုက်တယ်

Jisooရဲ့ အမေကိုရော အဖေကို ရော နှုတ်ဆက်ပြီး သူတို့ နှစ်ယောက် Jennie နေတဲ့ မြို့ကို ထွက်လာခဲ့တယ် မြို့က တော်တော် ဝေးတော့ ၅နာရီလောက် ကားစီး နေပြီး အချိန်မှာ Jisoo အိပ်ချင်လာတယ်
ခေါင်းလေးက တစ်ချက်တစ်ချက် ငိုက်ငိုက် ကျသွားတယ် ....

Jennie က သူ့ ကောင်မလေးငိုက်နေတာကို သတိထားမိပြီး ပြုံးလိုက်တယ် ပြီးတော့

"Jisoo ~~ baby အိပ်ချင်နေတာလား"

Jisoo နားထဲကို တိုးတိုးလေးပြောလိုက်တယ် အဲ့တော့ မှ ခါးကို ပြန် မတ်လိုက်တယ် ဒါပေမယ့် မျက်လုံလေးတွေက အိပ်ချင်နေတုန်း ... Jennie လည်း Jisoo ခေါင်းလေးကို ဆွဲယူလိုက် ပြီး
သူ့ ပုခုံးပေါ် တင်ပေးလိုက်တယ် ပြီးတော့ နဖူးလေးကို နမ်းလိုက်တယ်..

Jisoo လေးလည်း သူပုခုံးပေါ်မှာပဲ အိပ်ပျော်သွားတာပေါ့...

Jennie အိမ်ရောက်တော့ ညဉ့်နက်နေပြီ.. Jennie ရဲ့ တစ်မိသားစုလုံးက Jisoo ကို ရင်းရင်းနှီးနှီး ကြိုဆိုကြတယ် Jennie ရဲ့ မောင်ရော အစ်မရော က Jisoo နဲ့ အချိန်ခနလေး အတွင်းမှာ ခင်သွားကြတယ်
Jennie ရဲ့ အဖွားကလည်း Jisoo လေး စာတော် ပြီး အကျင့်ကောင်းတာ သိထားတော့ Jennie ကို အပေါင်း အသင်း ပို လုပ်စေချင်တာပေါ့ Jennie ရဲ့ အဖေ နဲ့ အမေလည်း Jisoo ကို ချစ်ကြတယ်
အစကတည်းက Jisoo က လူချစ်လူခင် ပေါတာကိုး..

Jisoo Jennie တို့ အိမ်မှာနေတာ နှစ်ပတ်လောက် ကြာသွားတယ် မနက်ဆိုရင် Jisoo နဲ့ Jennie နှစ်ယောက်တည်း ပန်းခြံထဲမှာ လမ်းသွား လျှောက်ကြတယ် တစ်ညနေ ကဆိုရင် Jennie တို့ မောင်နှမ ရယ် Jisoo ရယ် အတူတူ Jennie တို့ မြို့မှာ ရှိတဲ့ ခံတပ် တစ်ခုကို သွား ကြတယ် Jisoo အရမ်း ရောက်ဖူး ချင်နေတဲ့ နေရာပေါ့

My First And Last [completed] {unicode} Where stories live. Discover now