Jisoo တစ်နေကုန် အမျိုးတွေ အိမ်သွား လိုက် ဆရာတွေကို သွား ကန်တော့လိုက် ဖုန်းတွေပြော လိုက်နဲ့ တစ်နေကုန် ပင်ပန်းသွားတယ် ...
ညရောက်တော့မှ အိပ်ယာ ပေါ်မှာ လှဲနေရင်း လိုင်းဖွင့်ကြည့်မိတော့မှ Jennie chatbox ကနေ msg ပို့ထားတယ်
Jennie : baby , I miss you (1:00 pm)တစ်နာရီလောက်ကတည်းက ပို့ထားတာပဲ ငါ့ကို မျှော်နေတော့မှာပဲ
Jisoo : မနက်ဖြန်တွေ့ရမှာပဲကို (✔)
Jennie online ဖြစ်နေတော့ စာကို ချက်ချင်းရောက်သွားတယ်
Jennie : ဘာတွေ လုပ်နေတာလဲ ကြာလိုက်တာ😥
Jisoo : ဒီနေ့ မအားဘူးလို့ ပြောထားတယ်လေ
Jennie : ပြီးတာပဲ😒 အခုတောင် နောက်ကျနေပြီ အိပ်တော့ မနက်ကျရင် တွေ့မယ်😋
Jisoo : ahumm.. ဘာမှလုပ်ဖို့မစဉ်းစားနဲ့နော်
Jennie : အမယ် ဘာလုပ်ရမှာလဲ ဒီက
Jisoo : ပြောရတာ မဟုတ်ဘူး..
Jennie : ဟွန့်နော် တော်ပြီ ...အိပ်တော့
Jisoo : အင်း..
Jennie : Good night baby😚❣
Jennie ပို့လိုက်တဲ့ emoji လေး နှစ်ခုနဲ့ တင် jisoo က ရှူးမတတ်ဖြစ်နေပြီ
Jisoo : ရင်တောင်ခုန်သွားတယ်
Jn : 😁😁 အိပ်တော့....
Jisoo : Good night❣
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
နောက်နေ့ မနက်ခင်းမှာတော့ Jennie တစ်ယောက် Hotel ကနေ စောစော နိုးလာတယ် Jisoo နဲ့ အရမ်း တွေ့ချင်နေတဲ့ အတွက်ပေါ့❣
မျက်နှာ သစ်ပြီး အဝတ်အစားရွေးတာက အစ အချိန်ကြာနေတယ် သူ့ကောင်မလေးနဲ့ တွေ့ရတော့မယ့် fist date လေးဆိုတော့ အရမ်း စိတ်လှုပ်ရှားနေတာပေါ့
ပြီးတော့ မှာ ဂါဝန် အမည်းရောင်လေးကို ရွေးလိုက်ပြီး သိုင်းလွယ်ထားတဲ့ ပိုက်ဆံအိတ် သေးသေးနဲ့ ထွက်လာ တာပေါ့ဆံပင်ကိုတော့ ချထားတာကို Jisoo က ပို သဘောကျတယ်လို့ တစ်ခါပြောဖူးတော့ ဆံပင်လေးကို မပွ အောင်ပဲ ဖြီးပြီး အခန်းထဲက ထွက်လာခဲ့တယ်
YOU ARE READING
My First And Last [completed] {unicode}
Diversosunicodeနဲ့ zawgyi အပြောင်း အလဲ ကြောင့် ဒီ fic လေးကို Unicode နဲ့ရော Zawgyi နဲ့ရော နှစ်မျိုးတင်ပေးပါ့မယ်နော်...