nine -farwell

563 39 0
                                    

နောက်ဆုံး ဘာသာရပ် ဖြေပြီးတဲ့ အချိန် မှာကျောင်းကြီးလည်း ပြီးသွားလေပြီ ...

စာမေးပွဲ ဖြေရတဲ့ကျောင်းကနေ ပြန်ထွက်လာကြပြီး
အဆောင်ကို ပြန်ဖို့ ကားပေါ် တက်ကြတယ် ဒီနေ့တော့ Jennie နဲ့ Jisoo အတူတူ ပြန်လာကြတာပေါ့.. သူတို့ နှစ်ယောက် ကား နောက်ဆုံးခုံ မှာ ထိုင်ကြတယ်... ကျောင်းကို မရောက်ခင် Jennie က Jisoo ရဲ့ ပုခုံးလေးကို မှီလိုက်ပြီး

Jen : "နောက်ဆုံးတော့ အားလုံးပြီး သွားခဲ့ပြီပေါ့နော်"

Jisoo :omm....

Jennie Jisoo ရဲ့ ရင်ခွင်ထဲကို မျက်နှာလေး စိုက်ကျသွားပြီး

Jen : ငါနင်မရှိပဲ ဘယ်လိုနေရမှာတုန်း?

ပြောရင် မျက်နှာ တစ်လျှောက် မျက်ရည်တွေကျလာတယ်.

Jisoo :ဟာ .. နင်ကလည်း .... ငါတို့ သေချာပေါက် ပြန်တွေ့ရဦးမှာပါ.. ဝမ်းနည်း မနေနဲ့တော့...

Jennie လည်း သူ့ခန္ဓာကိုယ်ကို ပြန် မတ်လိုက်ပြီး
ကလေးလေး တစ်ယောက်လို မျက်လုံးတွေကို လက်နဲ့ ပွတ်နေတယ်

Jisoo လည်း သူ့ကို ကြည့်ရင်း အူယားလာတာပေါ့

Jisoo : မပွတ်နဲ့တော့ မျက်လုံးတွေ ရဲလာလိမ့်မယ်

Jennie တစ်ယောက်ကို ပြောလို့မရတော့တာနဲ့ပဲ
မျက်လုံးပွတ်နေတဲ့ သူ့လက်ကလေးတွေကို ဖယ်ပြီး ပါးလေးကို နမ်းလိုက်တယ် ပြီးတော့ Jennie ကို ကြည့်ပြီး ပြုံးနေမိတယ်...

Jennie :သွား... လူကြားထဲမှာကို ဘာလုပ်တာလဲ

Jisoo :သဲလေးကလည်း နောက်နေ့ဆို အခုလို အတူတူ မရှိတော့ဘူးလေ မဟုတ်ဘူးလား အဲ့တာကြောင့် ရတုန်းလေး😁

Jennie : နှာဘူး😒

Jisoo : အင်းပါ ကိုယ့်ကောင်မလေးကိုပဲ နှာဘူး တာ ဘာဖြစ်လဲ

ပြီးတော့ မပြောမဆိုနဲ့ Jennie ရဲ့ ခါးလေးကို ဖက်လိုက်တယ်

သူတို့ရဲ တစ်ခုံကျော်မှာ ထိုင်နေတဲ့ Roséက ကြည့်မရဖြစ်ပြီး လှမ်းပြောတာပေါ့

"အယ် ဒီနှစ်ယောက်ကတော့နော် ပြောကို မပြောချင်ဘူး "

Jisoo နဲ့ Jennie ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်နေကြတယ်

My First And Last [completed] {unicode} Where stories live. Discover now