[Unicode]
What to Do, My Roommate's Mother Witnessed Us Showering Together
ကျိုးပင်း၏ အော်ငေါက်လိုက်သံကြီးကြောင့် ဝေ့ရူစုန့်တစ်ယောက် လန့်ဖြန့်သွားလိုက်တာ သူ့စိတ်ဝိဉာဍ်စွမ်းအားတွေပါ ချက်ချင်းကြီး ပြန်ကောင်းသွားပြီး ချွေးပါပျံသွားတော့သည်။ သူ့ကို သယ်ထားသည့် ရှောင်းနျန်ထက်ပင် ပို၍ချွေးတွေရွှဲနေပြီး ဝေ့ရူစုန့်ခမျာ ရေခဲတုံးတစ်တုံး အရေပျော်နေသလိုမျိုး တစ်ကိုယ်လုံး ချွေးထဲတွင်နစ်နေလေ၏။ ရှောင်းနျန်၏ကျောပေါ်မှ ခုန်ဆင်းလိုက်သော်လည်း အကျိုးဆက်က သူ၏နောက်ပိုင်းကို သွား၍ထိလေပြီ။ နာကျင်မှုကြောင့် သူ့မျက်နှာက ရှုံ့မဲ့သွားပြီး တင်ပါးနှစ်ဘက်ကို ဆုပ်ကိုင်လိုက်ရင်း ထော့နဲ့ထော့နဲ့ဖြင့်သာ ကျိုးပင်းဆီသို့ လှမ်းသွားတော့သည်။
"ကျိူးပင်း, ကျွန်တော် တစ်ကယ်ပဲ ဖျားနေတာပါဗျာ, တကယ်လို့ ခင်ဗျားမယုံရင် ကျွန်တော့နောက်ပိုင်းကို လာကြည့်လို့ရတယ်, ကျွန်တော် သုံးကြိမ်တောင် ထိုးခံလိုက်ရတာဗျ! သုံးကြိမ်! အခုတော့ ကျွန်တော့နောက်ပိုင်းလေးခမျာ .....တွေ အပြည့်နဲ့...."
"...." ဒါပေါ့ ကျိူးပင်းကတော့ ဝေ့ရူစုန့်၏ဘောင်းဘီကို ဆွဲချွတ်ပြီး ဘယ်ကြည့်လိမ့်မတုန်း, သူတို့နှစ်ယောက်မှာက လူမြင်ကွင်းတွင်ဖြစ်နေကြသည်ဆိုသော ရာဇဝင်က ရှိသေးသည်လေ။ ဒါ့အပြင် ဝေ့ရူစုန့်အနေဖြင့် ဒီအကြောင်းကို မတင်ပြခင်တွင် အရင်ဆုံး သေသေချာချာ တရားဝင်ဖြစ်အောင် လုပ်ရမည် မဟုတ်ပါလား။ အကယ်၍ သူသာ ဆရာဝန်နှင့် သွားပြမည်ဆိုလျှင် ဘာကြောင့် ခွင့်မတိုင်ခဲ့ရတာလဲ? ရှောင်းနျန်ရဲ့ ကျောပေါ်မှာ ဂျီကျပြီး စိတ်ကောက်နေပါ့မလား? "မင်းဘာလို့ ခွင့်မတိုင်သွားတာလဲ? မက်ဆေ့လေး ပို့လိုက်ရင်တောင် ဖြစ်နေတဲ့ဟာကို, မင်းက ငါ့ကို မလေးမစားလုပ်နေသလိုပဲ ခံစားရတယ်။"
"တောင်းပန်ပါတယ် အတိုင်ပင်ခံ ကျိုး, ကျွန်တော် တကယ့်ကို မနက်ခင်းတုန်းက အဖျားကြီးပြီး အားပြတ်နေခဲ့လို့ပါ....."
ဝေ့ရူစုန့်က ကျိူးပင်းကို တောင်းပန်လိုက်သည်။ သူ၏ခေါင်းမှာ အခုထိမူးနောက်လေးလံနေဆဲဖြစ်ပြီး ခြေထောက်များမှာလည်း အားမရှိလေရာ သူ၏ဦးခေါင်းကို ညွှတ်ပြီး တောင်းပန်လိုက်ချိန်တွင်တော့ ရှေ့သို့ ဟပ်ထိုးလဲကျတော့မလို ဖြစ်သွားလေတော့သည်။ ရှောင်းနျန်က ရုတ်တရတ် နောက်မှ ထိန်းထားပေးလိုက်ရ၏။
YOU ARE READING
Love Stops Rumours {Completed}
HumorTitle : 谣言止于恋爱 Love Stops Rumours Author : 萧辰 Xiao Chen Chapters : 30 Category : BL, Mature, Comedy, Campus Status: complete English Translator: AlexPT (Procrastination Translations) *permission grant...