Chapter 23

10.7K 1.8K 68
                                    

[Unicode]

What to Do, In Front of My Roommate I Performed a Split

ဒါက ဝေ့ရူစုန့်ရဲ့ အနမ်းဦးလေးပဲ။

တကယ်တော့ ဝေ့ရူစုန့်က ရှောင်းနျန်နဲ့သူ့ရဲ့ ပထမဆုံးအနမ်းလေးကို ဒီ့ထက်နည်းနည်းပိုပြီး ရိုမန်တစ်ဆန်လိမ့်မယ်လို့ တွေးထားခဲ့တာ။ ပြောရရင် လှပတဲ့မီးရှုးမီးပန်းတွေရဲ့အောက်မှာလိုမျိုးပေါ့, မီးရှုးမီးပန်းတွေဆီကလာတဲ့ မီးရောင်စုံတွေဟာ သူတို့ရဲ့မျက်နှာပေါ်ကို ဖြာကျနေပြီး မီးပန်းတွေက တဖြေးဖြေးနဲ့ သူတို့ရဲ့အပေါ်ကို ကျလာမယ်, ဒီအချိန်မှာ ရှောင်းနျန်ရဲ့မျက်နှာလေးကတော့ အရမ်းကိုပဲ ခန့်ငြားချောမောနေမယ်ပေါ့, ဒါမှမဟုတ် ရှောင်းနျန်ရဲ့မိဘတွေကြောင့် သူတို့မကြည့်လိုက်ရတဲ့ Bridge of Sighs ပေါ်မှာပေါ့, ဒဏ္ဍာရီထဲကလို သူတို့တွေ အမှန်တကယ် ထာဝရအတူတူရှိနိုင်ကြလိမ့်မယ်ပေါ့, မဟုတ်ရင်လည်း နွေးထွေးတဲ့ လမ်းမီးတိုင် ဝါဝါလေးအောက်မှာလိုမျိုး, အအေးထဲမှာ ခိုက်ခိုက်တုန်နေပေမယ့်လည်း သူတို့ရဲ့နှုတ်ခမ်းတွေနဲ့ အသက်ရှုသံတွေကတော့ ပူနွေးနေတာမျိုးပေါ့နော်။

_ဒါပေမယ့် ဒါကလည်း သိပ်မဆိုးပါဘူး, အနည်းဆုံးတော့ သူတို့ နမ်းလိုက်ပြီလေ။ ဝေ့ရူစုန့်က စပြီးနမ်းခဲ့တာ မဟုတ်ပေမယ့်လည်းပေါ့, နောက်တစ်ကြိမ်ကြရင်တော့ သူ ဒီအနမ်းကို ပြန်ယူဖို့ မေ့မှာမဟုတ်ဘူး။

တစ်ယောက်က စပြီး လက်ခုပ်တီးလိုက်ရာ ပရိတ်သတ်ကြီးကလည်း နောက်ကလိုက်ပြီး တီးကြလေတော့သည်။ လက်ခုပ်သံများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လာလေတော့၏။ လူအုပ်ကြီး၏ တက်ကြွမှုစကေးကတော့ အံ့ဖွယ်ပါပဲ။ ထိုနေရာတွင် ကြည့်ရှုသူများကတော့ များသထက် များလာလေပြီး တစ်ချို့ဆိုရင် ဖုန်းကိုထုတ်၍ သူတို့နှစ်ယောက်၏ အဖြစ်အပျက်လေးကို အမိအရ ရိုက်ကူးကြလေတော့သည်။

"မလုပ်နဲ့!"

ဝေ့ရူစုန့်က သူ့မျက်နှာကို ကွယ်ထားလိုက်သည်။ သူ ဒီလိုပုံစံနှင့် နာမည်ကြီးဖို့အတွက် မပြင်ဆင်ရသေးဘူးလေ။ ကံကောင်းသည်က ရှောင်းနျန်မှာ တော်သည်။ သူက ဝေ့ရူစုန့်၏ ကုတ်အင်္ကျီမှ ခေါင်းစွပ်ကို ဆွဲ၍ စွပ်ပေးလိုက်ပြီးနောက် ငေးကြည့်နေသည့် ဧည့်ကြိုဘက်သို့ လှည့်၍ ပြောလိုက်တော့သည်။

Love Stops Rumours {Completed}Where stories live. Discover now