Chapter - 1

8.4K 443 27
                                    

' ရိပေါ် ကိုကို့ကို နှုတ်ဆက်လိုက် '
' ဟိုင်း ရိပေါ်လေး '
'... '

လူကြီးတွေ ဒီလောက်ပြောနေတာတောင် အဖတ်မလုပ်တဲ့အထာနဲ့ ရုပ်လေးကို တည်ထားပြီး နှုတ်ခမ်းက ဘဲနှုတ်ခမ်းလို စူထော်ထော်နဲ့ကောင်လေး။

ရှောင်းကျန့်နည်းနည်း မျက်နှာပူသွားတယ် သူ့ရုပ်လေးက ကြောက်ဖို့များ ကောင်းနေလို့လား ကောင်လေးရုပ်က သူ့ကို သဘောမကျသလိုပုံစံမျိုးမို့
နောက်ထပ် ရင်းနီးချင်စရာ ရုပ်လေးဖြစ်သွားအောင် သူ မျက်နှာချင်းဆိုင်မိအောင်ထိ ခါးလေးကိုင်းကာ သွားသုံးဆယ့်နှစ်ချောင်း လောက်ပေါ်အောင် ထပ်ရယ်ပြလိုက်တယ်။
ညီလေးရေ မင်းအစ်ကိုစောင်ချောကြီးက ရယ်ပြနေတယ်လေကွာ

' ... '

စူးစူးရှရှကြည့်နေတဲ့ ကောင်လေးက ခုထိ တစ်ခွန်းမဟသေးတာမို့ ရှောင်းကျန့်စိတ်ထဲ နည်းနည်းချဉ်သွားတယ်။
မင်းတို့ မြို့ကြီးသားတွေက အထာကိုင်လိုက်တာကွာ။

' သားလေးက အဲ့လိုပဲ ရှောင်းကျန့်ရေ မရင်းနှီးသေးရင် ဘယ်လိုမှ နှုတ်ဆက်ခိုင်းလို့ တောင်မရဘူး '

' ဟုတ်ကဲ့ ရပါတယ် '

အားနာနေတဲ့ ဦးလေးဝမ်ကို သူဖော်ရွေစွာပဲ ပြုံးပြလိုက်တယ်။
အဲ့ကလေးလေး စကားနည်းတာ သူ့ရဲ့မားမားနဲ့ တူတာလား မသိ။ မားမားကလည်း သူဝင်လာကတည်းက ပြုံးပဲပြုံးပြပြီး စကားသိပ်မပြောသေးတာ ခုထိပဲ။

ကလေးလေးက အဝတ်အစားကို သပ်ရပ်ကျော့မော့နေအာင် ဝတ်ထားပြီး ဆံပင်လေးတွေက ထူထူအိအိလေးရယ်။
အသားလေးက ရှောင်းကျန့်တို့လို ခပ်ညိုညိုမဟုတ်ပဲ နေမထိလေမထိထားသလို ဖြူအုလို့။
ပါးဖောင်းဖောင်းလေးနဲ့ မျက်လုံးအကြည့်စူးစူးလေးက သူမပြောနဲ့ ဘယ်သူမဆို ချစ်စရာလေးဆိုပြီး ကိုက်ဆွဲချင်မိမှာပဲ။

ဒါပေမဲ့ နှုတ်ခမ်းထော်ထော်လေးက ပီယဝါစာချစ်ဖို့ကောင်းအောင် မပြောတတ်တဲ့ အပြင် စူပုပ်ပြီး ပြန်တောင် နှုတ်မဆက်တတ်တော့
ဒီကိုကြီးကတော့ မင်းကို သိပ်ကြည့်မရပါဘူး။

ကလေးကိုကြည့်မရလည်း မိဘတွေကိုတော့ အဆင်ပြေအောင် ဆက်ဆံရမှာမို့ သူ chongqingက ပါလာတဲ့ ဒေသထွက် လက်ဆောင်လေးတွေ ရိုရိုသေသေ ပေးလိုက်တယ်။
နောက်လည်း ဒီအိမ်မှာ နေရင်း ကျောင်းတက်ရမှာမို့ အိမ်သားအားလုံးနဲ့တော့ အဆင်ပြေချင်ပါရဲ့။

Only You ( Hiatus )Where stories live. Discover now