Chapter -4

3.8K 308 31
                                    


(Zawgyi)

ဝမ်ရိပေါ်လေး အိပ်ပျော်နေရာက ဖျတ်ခနဲနိုးလာတယ်။
သူ့အလိုလို အိပ်ရေးဝပြီး နိုးလာတာမျိုးတော့ မဟုတ်ဘူး။

သူ့ကို တစ်စုံတစ်ခုက တက်ဖိထားသလို အရမ်းနွေးထွေးပြီး ကျပ်သည်းနေတယ်။
အဲ့အရာက သူ့တစ်ကိုယ်လုံးကို ရစ်ပတ်ထားတဲ့ အပြင် ဟောက်သံလို အသံခပ်တိုးတိုးက ကြားနေရသေးတယ်။

သူ လူမှန်းသိတတ်စတည်းက တစ်ယောက်တည်း အိပ်လာတာ ဒီလို ခံစားချက်မျိုးနဲ့ တစ်ခါမှ မနိုးထဖူးသေးဘူး။
အသက်ရှူတောင် မဝချင်သလို အိမ်မက်လိုလို တကယ်လိုလိုကြီး ဖြစ်နေလို့ မျက်လုံးကို အနိုင်နိုင်အားယူပြီး ဖွင့်လိုက်တယ်။

" sh ... "

ယောင်ယမ်းပြီး ဆဲမိတော့မလို ပါးစပ်ကို သူ့လက်နဲ့ အလျင်အမြန်အုပ်လိုက်ရတယ်။
စိတ်ထဲက ဘာပဲဖြစ်နေနေ ဒီလိုမယဉ်ကျေးတဲ့ အပြောအဆိုတွေ အလွယ်တကူ မထွက်ဖို့ မိဘတွေက သင်ထားတယ်။

ဒါပေမဲ့ ... သူ ဆဲချင်နေတုန်းပဲ။
မထော်မနန်းမှ တကယ့်ကို မထော်မနန်း။

အိပ်ခါနီး ရေမိုးချိုးသန့်စင် ညဝတ်အိပ်စုံ လက်ရှည် ဘောင်းဘီရှည်ကို သေချာလဲပြီးမှ အိပ်ရာဝင်တတ်တဲ့ သန့်သန့်စင်စင် သူ့တစ်ကိုယ်လုံးလေးကို အမြဲတမ်းအိမ်နေရင်း လက်ပြတ်အကျီ အပြဲ ဘောင်းဘီတို ဆံပင်စုတ်ဖွားနဲ့ သူကြည့်မရတဲ့ ညစ်တီးညစ်ပတ် အစ်ကိုကြီးက ဖက်လုံး တစ်လုံးကို ဖက်သလို အားရပါးရ ပွေ့ပိုက်ထားတာ။

တကယ်ကို တင်းတင်းကြပ်ကြပ် သူ နည်းနည်းလေးတောင် လှုပ်လို့ရမနေဘူး !
ျမျက်နှာကလည်း လုံးဝ အနီးကပ်မြင်နေရတာ မုတ်ဆိတ်မွှေး ငုတ်စိလေးတွေနဲ့ ပါးစပ်နားက စီးကြောင်းက ဘာပါလိမ့် သားရေတွေ ထင်တယ် ကယ်တော်မူကြပါ။

သူ နောက်ထပ်တစ်ခါ ရုန်းဖို့ထပ်ကြိုးစားကြည့်တယ်။ သူ့ခါးနားကို အတင်းဖက်ထားတဲ့ လက်က ပိုတင်းကြပ်သွားတယ်။
နောက်ထပ် သူ့လက်တစ်ဖက်ကလည်း ရိပေါ်အောက်မှာ။

ဒီအစ်ကိုကြီးဟာ တကယ်ကို ဖြစ်ကတတ်ဆန်းနေတဲ့အပြင် သူဒီလောက် လှုပ်ရှားနေတာတောင် တစ်ချက်မနိုးလာပဲ အိပ်ပုပ်ကလဲ ကြီးသေး။

Você leu todos os capítulos publicados.

⏰ Última atualização: Dec 18, 2019 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Only You ( Hiatus )Onde histórias criam vida. Descubra agora