Chapter-2

3.8K 397 19
                                    


Zawgyi

တက္ကသိုလ်ကလည်း မဖွင့်သေးသော ကာလမို့ ရှောင်းကျန့် သူများအိမ်ကျယ်ကြီးမှာ တစ်ယောက်တည်း နေရထိုင်ရတာ အလွန့်အလွန်ကို ပျင်းရိနေပြီ။

် အိမ်သားများနှင့်တူတူ မနက်စာ စားပြီးသည့်အချိန်မှစ၍ ဝမ်ဦးလေးက ကုမ္ပဏီ အန်တီကလည်း သူမ ဖွင့်လှစ်ထားသော art gallery သို့သွားရသည်မို့ သူနှင့် ဟိုစောင်ချေလေးပဲ ကျန်ခဲ့သည်။

အချေလေးကလည်း မနက်စာစားပြီးသည်နှင့် ကျောင်းသွားဖို့ ပြင်ဆင်သည်မို့ နောက်ဆုံးကျန်ခဲ့သည်မှာ မီးဖိုချောင်ထဲမှာပဲ အလုပ်ရှုပ်နေတတ်သော အိမ်အကူအန်တီနှင့်သူ။

' အန်တီ ဟိုကလေးလေးက ကျောင်းသွားရင် တစ်ယောက်တည်းသွားတာလား '

မလိုပါဘူးဆိုလည်း ဟင်းသီးဟင်းရွက်များကို အတင်းကူဆေးပေးရင်း ဘေးက ပွစိပွစိ စကားလိုက်များနေသည်။

' ဝမ်သခင်လေး တစ်ယောက်တည်း ကောင်းကောင်းသွားတတ်တယ် ကျောင်းကလဲ နီးတယ် '

ဝမ်သားအမိနှင့် အနေများ၍ပဲ အန်တီကြီးလည်း ဒီလိုအေးတိအေးစက် စကားတုံးတိ ပြောတတ်နေခြင်းလားမသိ သူ့လိုကြက်တူရွေးလက်သစ်နဲ့တော့ တွေ့နေပြီ

' ဒါပေမဲ့လည်း ကလေးလေးကိုလေ ဒီခေတ်ကြီးက ဘယ်လောက် ကြောက်ဖို့ကောင်းလည်း အချိန်ခဏလေးနဲ့လဲ မသမာမှုတွေ ဖြစ်သွားနိုင်တယ်နော် ကျွန်တော် ကြားဖူးတာဆိုရင်လေ ... ... '

သူရဲ့ ဘယ်ပဝေသဏီတည်းက ကြားဖူးမှန်းမသိခဲ့သော ကလေးပြန်ပေးဆွဲမှုကြီး ပြောပြအပြီးမှာ တော်တော် မောဟိုက်သွားခဲ့ပြီး ရေခဲသေတ္တာထဲက ရေတစ်ဗူး သွားထုတ်၍ သောက်ရသည်။
အန်တီကြီးက နည်းနည်းတွေဝေသွားဟန်ဖြင့်

' အရင်ကတော့ အန်တီ နေ့တိုင်းလိုက်ပို့ပေးတာပါ နောက် အန်တီ နေသိပ်မကောင်းတော့ မနက်တိုင်း ဆေးတွေသောက်ရကတည်းက သခင်လေးက သူတစ်ယောက်တည်း သွားနိုင်တယ်ဆိုပြီး ပြောတာ အဲ့ဒါနဲ့ပဲ ဝမ်သခင်ကြီးတို့လည်း အလျှော့ပေးလိုက်ရတယ် '

အမယ် အချေလေးက ဒီလိုလဲ စိတ်ထားကောင်းလေး ရှိတာပေါ့။
အဲ့အသက်နဲ့ မလိုက်အောင် တည်တံ့ တင်းမာနေတဲ့ ရုပ်ကလေးမှာလေ။

Only You ( Hiatus )Where stories live. Discover now