(Zawgyi)ရှောင်းကျန့်ရဲ့ ရင်ထဲက သက်တန့်ကြီး ကွေးသွားရတာ တိတိကျကျ ဘယ်အချိန်ကလဲ သူမသိဘူး ဒါပေမဲ့ သူသတိထားမိတဲ့အချိန်မှာတော့ သူ့ရဲ့သက်တန့်ကြီးက ရင်မရှိ တင်မရှိ ပြားကပ်ကပ် ဂျစ်ကန်ကန်ကောင်လေး တစ်ယောက်တည်းအတွက် ရစရာမရှိအောင် ကွေးနေခဲ့ပြီ။
တက္ကသိုလ်ဖွင့်စကာလတွေမှာ သူ အရင်ကလို အေးဆေး ဒူးလေးနှန့်ကာ အလေလိုက်ပြီး မနေနိုင်တော့။
မထင်မှတ်လောက်အောင် ကျယ်ဝန်းပြီး အစဉ်အလာကြီးမားလှတဲ့ ကျောင်းကြီးနဲ့ တက်ကြွဖျတ်လတ်နေတဲ့ ကျောင်းသားတွေကြားမှာ နောက်ကျမကျန်ခဲ့ဖို့ အသည်းအသန်ကြိုးစားနေရသည်။
သူငယ်ချင်းအသစ်တွေလည်း ရသည်။ကောင်မလေးကော ဆိုတော့ သူ့ပုံစံကပဲ မအူမလည်ဖြစ်နေ၍လား ခုထိ တိုက်ဂေါပုံစံ မပြောင်းရသေး၍လား သူ နည်းနည်းလေး ချိန်လိုက်သည်နှင့် အလိုလို ဖရန့်ဇုန်ထဲ ဝင်သွားကြသည်မှာ ခုဆို သူ့မှာ ယောကျာ်းလေးသူငယ်ချင်းထက် မိန်းကလေးသူငယ်ချင်းတွေတောင် တော်တော်များများ ရှိနေပြီ။
ချိန်ရင်း ချိန်ရင်းနဲ့ပဲ အတော်ကြီး ရင်းနှီးသွားပြီး ဘယ်လိုမှ စကားစ၍ မရတော့သော သူငယ်ချင်းမကို သူ အသာလေး လက်တို့၍ မေးဖူးသည်။
" နင် ငါ့ကိုယောကျာ်းလေးလို မမြင်ဘူးလား "
" ဟယ် ပေါက်ပေါက်ရှာရှာ ရှောင်းရှောင်းကျန့်ရယ် နင်က ချစ်စရာလေး မအူမလည်လေးနဲ့ ရိုးသားတော့ ခင်ဖို့လည်း ကောင်းတယ် ငါက နင့်ထက် အကြမ်းပတမ်းကြီးရယ် နင်နဲ့ငါ တွဲရင် ငါပဲ လူကြမ်းမရုပ်ပေါက်နေမှာပေါ့ဟဲ့ "
သူ့ပါးနှစ်ဖက်ကို ဆွဲပြီး အားရပါးရ အော်ရယ်ကာ ပြောသော သူငယ်ချင်းမကို သူ ဂုတ်ကဆွဲ၍ ကျောင်းအပြင်ဖက်ကို ကန်ထုတ်ချင်လာသည်။
တကယ် ငါ့ကို ယောကျာ်းလေးလို့ မမြင်ကြတာပဲဖြစ်မှာပါ။ သူ့ကိုရှေ့ထားပြီး မပြောရဲတဲ့ စကားလဲ မရှိကြဘူး။ အရှက်မရှိ ပြောင်လိုက်ကြတဲ့ သူငယ်ချင်းမ မျက်နှာတွေကို မြင်ယောင်ပြီး လောလောဆယ် တက္ကသိုလ်တက်ရင်း ရွှေလက်တွဲ ရည်းစားလေး တစ်ယောက်ရဖို့အရေးကိုဘေးချိတ်လိုက်ရသည်။
BINABASA MO ANG
Only You ( Hiatus )
RomanceBL/Fanfiction တစ်သက်မှာ သူတစ်ယောက်တည်းကိုပဲ။ ခြောက်နှစ်ကွာတဲ့ relationshipလေးကို ပေါ့ပေါ့ပါးပါးပုံစံလေး ရေးထားတာပါ။