တစ်ချက်ချက်နာရီမြည်သံက တိတ်ဆိတ်သော ည
အချိန်တွင် ကျယ်လောင်သည်ဟုထင်ရသည်။
မျက်နှာပေါ်မှ မျက်မှန်ကိုချွတ်ကာ တစ်ချက်အညောင်းအညာ ဆန့် ရင်း ဘေးနားက
ကုတင်ပေါ်ကို လှမ်းကြည့်မိသည်။ မျက်နှာပေါ်
အပြုံးတစ်ခုက ရောက်လာသလို ခုနကပင်ပန်းတာ
တွေပါပျောက်သွားသလိုပင်။ဟိုဆော့ သူ့ ကလေးနား ကပ်ထို်င်ပြီး နဖူးပြေပြေလေးကိုနမ်းကာ
'''ဒီအတိုင်းလေးပဲ ထာဝရနေချင်တယ် ကလေးရာယ် မတော်လို့  သတိပြန်ရရင် ကိုယ်ကို
မုန်းမှာလား '''ဟိုဆော့ စဉ်းစားရင်း သက်ပြင်းချမိပြန်တယ်။
'''ဒေါက် ဒေါက် ဒေါက် '''
ရုတ်တရတ်တံခါး ခေါက်သံကြောင့် ဟိုဆော့ အတွေးတွေ ရပ်သွားကာ
'''ဘယ်သူလည်း ညဘက်ကြီး'''
ဆုန်းမီယောင်းလည်း ဒီအခန်းကို ခြေဦးလှည့်တာမဟုတ်ဘူး ။ အဒေါ်ကြီးကလည်း
ပြန်တာကြာပေါ့ ဟိုဆော့ လည်း စဉ်းစားရခက်ခက်နဲ့ ပင်တံခါးသွားဖွင့်လိုက်သည်။''အား အဒေါ်ကြီး မိုးလည်းချုပ်နေပြီး ဘာအရေးကြီး ကိစ္စရှိလို့ လည်း '''
ဟိုဆော့ အမေးကို အဒေါ်ကြီးကပင်
'''အဒေါ်ရဲ့  လက်စွပ်လေး ကျန်ခဲ့လို့ လာပြန်ယူတာ
တန်ဖို့ မကြီးပေမဲ့ ဆုံးသွားတဲ့ ခင်ပွန်းရဲ့ အမှတ်တရ
ပစ္စည်းလေးမို့ ပါ '''ဟိုဆော့ နားလည်ပါတယ် ဒါကြောင့်လည်း မိုးချုပ်ပြီးဖြစ်တဲ့ အတွက်အဒေါ်ကြီးကို ပြန်မခိုင်းပဲ
အိမ်တွင်အိပ်စေခဲ့သည်။'''ကျေးဇူးတင်ပါတယ် ဒါပေမဲ့ သားကိုပြောစရာရှိတယ် '''
အလေးအနက်ပြောနေတဲ့ အဒေါ်ကြီးကို ဟိုဆော့
က ပင်'''ဟုတ်ကဲ့ ပြောပါခင်ဗျ'''
'''ဒီလိုပါကွယ် မီယောင်းက …………''''
ဟိုဆော့ မျက်နှာ ခက်ထန်မာကျောလာကာ လက်သီးကျစ်ကျစ်ဆုပ်ရင်း
'''အဒေါ်ကြီး ကလေးကို မနိုးစေနဲ့ နော် '''
ဟိုဆော့ ထွက်မယ်အလုပ် အဒေါ်ကြီးက လက်ကို
ဆွဲကာ
![](https://img.wattpad.com/cover/182856353-288-k900508.jpg)