❤️"Real Love"❤️
အပိုင်း(2)
"baby ကိုကို ပန်းချီကားသွားအပ်မလို့ baby
လိုက်ဦးမလား မထသေးဘူးလား""အင်း မထချင်သေးဘူး မနေ့ညကအကတိုက်တာ
၂နာရီမှအိပ်ရတာ ""ကောင်းပီ baby.. မနက်စာcoffeeနဲ့cakeပြင်
ထားတယ် baby အပြင်သွားမယ်ဆို ကိုကိုဆီဖုန်း
ဆက်နော် ကိုကိုပီးတာနဲ့ချက်ချင်းပြန်ခဲ့မယ်"ကျနော်သာ ပြောနေတာသူကတော့ အင်းမလုပ်အမ်းမ
လုပ်နဲ့ ကျနော့်ပေါ်ပေါ်ကိုခေါင်းတင်ပီးအိပ်နေလိုက်တာ။
သူ့နှဖူးလေးပေါ်က ဆံစတေကို လက်နဲ့အသာလေး
ဖယ်လိုက်ပီး နွေးထွေးတဲ့အနမ်းတစ်ပွင့်ကို နှဖူးလေး
ပေါ်မှာချွေလိုက်တယ်။သူ့ကိုအိပ်ယာပေါ်နေရာတကျ
မတင်ပေးလိုက်တယ်။သူ့ရှေ့ကနေ ထွက်လာခဲ့လိုက်
တော့တယ်။ကိုယ်ပိုင်ပန်းချီပြခန်းဖွင့်ဖို့ငွေအလုံအလောက်မရှိသေး
တဲ့ကျနော့်အတွက် အမရင်းလိုဖြစ်နေတဲ့ အမကျန်းယန့်
လီဆီမှာ ကျနော်ရေးတဲ့ပန်းချီကားချပ်တေကို ပြထား
လိုက်တယ်။ကျနော်လည်း ပန်းချီအနုပညာလောကမှာ
အခုဆိုရင် နမည်တစ်လုံးရနေပီလေ။ကိုယ်ဆွဲချင်တဲ့
စိတ်ကူးပုံရိပ်ထက် customerတေလိုချင်တဲ့
ပန်းချီကားချပ်တေကို ဆွဲဖြစ်ခဲ့ပီ။အခုလည်း
customerတျောက် မှာထားတဲ့ပန်းချီကားကို
အမကျန်းယန့်လီဆီသွားပို့မလို့ ဖြစ်သည်။"အားကျန့် လာပီလား "
" ဟုတ် မနက်ဖန်ကျရင်နောက်တစ်ကားလာပို့မယ်
အခုဒီကားက အနုစိတ်တေပါတော့ အချိန်ယူရလို့
နဲနဲကြာသွားတာ "
"ရပါတယ် အမလဲလောသွားတယ် မှာထားတဲ့သူက
ညနေမှလာယူတော့မယ်လို့ မဆီဖုန်းဆက်တယ်
ခုပဲအားကျန့်ဆီ ဖုန်းဆက်တော့မလို့ "
"အဆင်ပြေပါတယ် အမ ...လက်ကျန်ကိုနောက်တစ်
ကားမှယူတော့မယ် ကျနော်ပန်းချီကားထားခဲ့ပီနော် အမ""အားကျန့် မမင်းကိုတစ်ခုပြောချင်တယ် အားကျန့်အန်
တီနဲ့အဆင်မပြေဘူးလား အန်တီမဆီဖုန်းဆက်တယ်"
"အဆင်မပြေတာရယ်လို့မဟုတ်ပါဘူး မေမေက
ကျနော်သဘောမတူတဲ့ လက်ထပ်ပွဲကိုစီစဉ်နေတယ်
ကျနော်သူ့နဲ့ လက်မထပ်နိုင်လို့ အိမ်ပေါ်ကဆင်းလာတာ
အခုတိုက်ခန်းတစ်ခန်းငှားပီးနေတယ် "