💓"Real Love"💓
အပိုင်း(7)
ကျနော်နဲ့ရွှယ်ယမ်ဆိုတဲ့မျောက်လောင်းလေး ကုမ္ပဏီ
ကို ၈ခွဲလောက်မှရောက်ခဲ့ကြသည်။အဲ့ကောင်လေးက
တစ်လမ်းလုံးလဲ ကျနော့်ကိုဂျီကျအနိုင်ကျင့်သည်။ကျနော်ရုံးရောက်ရောက်ချင်း လန်ကျန့်ကိုရှာနေမိသည်။
သူဘယ်ရောက်နေလဲမသိ။"လာလေ ဟိုတျောက်အဲ့မာဘာရပ်လုပ်နေတာလဲ ငါ့အ
ခန်းထဲလာ"ရက်ကန်ရက်ကန်နဲ့နောက်ကလိုက်လာခဲ့တဲ့ ရွှယ်ယမ်
ခြေသံလေးငြိမ်ကျသွားတော့ ကျနော်လှမ့်ကြည့်လိုက်မိ
သည်။သူကုမ္ပဏီက ဝန်ထမ်းကောင်မလေးများကို
ရပ်ကြည့်နေတာမြင်တော့ ကျနော်လှမ်းပြောလိုက်မိသည်"သားဒီမမနဲ့ လာခဲ့မယ် ဦး.."
သူကိုယ်သူသားလို့နာမ်စားသုံးလိုက်ပီး ကျနော့်ကိုလဲ
ဦးဆိုပီးတစ်လုံးတည်းခေါ်လိုက်သည်။"အဲ့မမ သူ့အလုပ်သူလုပ်ပါစေ လာသူများကိုမနှောင့်
ယှက်ရဘူး.."ကျနော် ရွှယ်ယမ်ကို ပခုံးဖက်ကာ ကျနော့်အလုပ်ခန်း
ထဲသို့ခေါ်သွားခဲ့သည်။"ငါအလုပ်လုပ်ရဦးမယ် မင်းဒီမာထိုင်ပီးဂိမ်းကစားနေ
သောက်ခလေးစုတ်လေး..""ဦးနော် သားကိုဘာလို့အဲ့လိုခေါ်ရတာလဲ သားနမည်
ကရွှယ်ယမ်လေ သားကိုငယ်ငယ်တုန်းကလိုမချစ်
တော့လို့လား ဦးရဲ့..""ဘာတေပြောနေတာလဲ လူကြီးကိုဘာတေလာမေးနေ
တာလဲ ခလေးကခလေးလိုနေမှပေါ့..ရော့ laptop
ယူထား ဂိမ်းကစားနေ..""အင်းပါ .."
မျက်နှာလေးစူပုပ်ပီး ကျနော်ပေးလိုက်တဲ့ laptop
ထဲက vdတေ ကြည့်ဂိမ်းတေ ကစားနေသော
အပြစ်ကင်းသည့် ထိုလူသားလေး*လန်ကျန့် မင်းဘယ်မာလဲ ငါမင်းလေးကိုလွမ်းလွန်း
လို့သေတော့မယ်.*"ကျွီ.."(အခန်းတံခါးဖွင့်သံ)
လက်ထဲ၌ဖိုင်တွဲများကိုင်ကာ ဝင်လာသော ကျနော့်ရဲ့
လက်ထောက်ဝန်ထမ်းမလေး..."ဆရာ ဒီနေရာမှာလက်မှတ်ထိုးပေးပါ.."
"အော် အေး.."