❣️"Real Love"❣️
အပိုင်း(6)ဒီနေ့ရာသီဥတုသာယာလှသည်။အလုပ်ပိတ်ရက်ဖြစ်တဲ့
အတွက်ကြောင့် ကျနော်ထမင်းစောစောစားသောက်ပီး
ခြံထဲလမ်းလျှောက်ထွက်ခဲ့သည်။မှတ်မိနေပြန်ပြီ။
ကျနော်နဲ့သူရဲ့မေ့နိုင်ဖွယ်မရှိတဲ့ ပုံရိပ်တစ်ချို့။
ကျနော်babyကို တတ်နိုင်သလောက်မေ့နိုင်အောင်
ကြိုးစားဖြစ်ခဲ့သည်။"ဒီမှာ ဟိုလူကြီး ကျနော့်ကိုတံခါးလာဖွင့်ပေး.."
သိလိုက်ပါပီ။ထိုအသံပိုင်ရှင်မာ လန်ကျန့်ပင်ဖြစ်သည်။
"လူခေါ်ဘဲတီးလို့ရတာကို ဘာလို့ ဒီမှာ ဒီမှာနဲ့အော်ခေါ်
နေတာလဲ ငါ့နမည်ဟိုလူကြီးလဲမဟုတ်ဘူး..ကွ..""ခင်ဗျားကလဲ ဒါလေးခေါ်တာကို ဟွန့်..
ထားပါ..ကျနော့်ကိုတံခါးဖွင့်ပေး.."ကျနော်ခြံတံခါးနားကိုလာခဲ့သည်။ခါးထောက်ပီး အပြင်မှ
ရပ်ကြည့်နေသော လန်ကျန့်ကို မျက်ခုံးလေးပင့်ကာ
လက်ပိုက်ပီး ကြည့်နေလိုက်သည်။"မင်းလေးကို့ကို ခင်ဗျားကြီးတို့ ဟိုလူကြီးလို့မခေါ်ဘူး
ဆိုရင် တံခါးဖွင့်ပေးမယ်..""ဟာ ဒါခင်ဗျားကြီး သက်သက်မဲ့ညစ်ပတ်တာဘဲ.."
"ဒါတော့ မင်းသဘောလဲလေ ငါကမင်းကိုchance
ပေးတယ်နော် ကျန်တာမင်းအပိုင်း.."လန်ကျန့်တျောက် ခြံအပြင်မှ အိမ်ခန်းထဲကိုလှမ်းကြည့်
နေမိသည်။တျောက်ယောက်များထွက်လာမလားဆိုပီး
မျော်နေမိသည်။အိမ်ပြင်ဘက်သို့ထွက်လာနေတဲ့ ရှောင်ကျန့်မေမေကို လန်ကျန့်တွေ့လိုက်ရတော့ အားကိုးတစ်ကြီးနဲ့လှမ်း
ခေါ်လိုက်သည်။"အန်တီ အန်တီရေ ကျနော်လန်ကျန့်ပါ ကျနော့်ကိုဒီက
ခြံစောင့်လား ကူလီလားမသိဘူး အိမ်ထဲပေးမဝင်ဘူးဗျ
ကျနော့်ကိုကယ်ပါဦး.."မျက်နှာငယ်လေးနဲ့ကျနော့်မေမေကို ချွဲနေသောသူလေး
ကိုမျက်စောင်းချီကာ "ခြံစောင်းလား ကူလီလားမသိဘူး"
ဆိုတဲ့စကားကြောင့် မျက်မှောင်ကြုတ်ပီး ကျနော်သူ့ကို
ဝါးစားတော့မယ့်အကြည့်တေနဲ့ကြည့်နေလိုက်သည်။