❣️"Real Love"❣️
အပိုင်း(5)
*babyနဲ့ကိုကို ခွဲခွာရတာ တစ်လပြည့်ခဲပြီ။ဒီအချိန်
တောအတွင်း ကိုကိုbabyပြောသလိုမလုပ်နိုင်ခဲ့တဲ့
အရာတေအတွက် ကိုကိုတောင်းပန်ပါတယ် baby
ကိုမလွမ်းဘဲမနေနိုင်ဘူး...ကိုကိုဝါသနာပါတဲ့ ပန်းချီ
ဆွဲတဲ့အလုပ်ကိုလည်း ကိုကိုဆက်မလုပ်ဖြစ်တော့ဘူး
အချိန်တေသာပြောင်းလဲသွားခဲ့တာ ကိုကို့ရဲ့အချစ်တေ
ခုချိန်ထိမပြောင်းလဲဘူး ..*"သား အားကျန့်.."
မေမေခေါ်သံကြားလိုက်တော့ ကျနော်ပါးပြင်ပေါ်မှာ
စီးကျနေတဲ့ မျက်ရည်များကို သုတ်လိုက်သည်။"ဟုတ် မေမေ ဘာပြောစရာရှိလို့လဲ"
"သားကိုမေမေ မနေ့ညက လေဆိပ်ကိုကောင်လေး
တျောက်သွားကြိုပေးဖို့ပြောထားတယ်လေ ""အော် စောရီးမေမေ သားမေ့သွားလို့ "
ကျနော်လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့
၇:၃၀ ။၈နာရီအရောက်သွားရမာကြောင့် အဝတ်စားလဲ
နေဖို့ အချိန်မရှိတော့ အခန်းထဲမှာချိတ်ထားတဲ့ အပေါ်
ဝတ်အကျီင်္လက်ရှည်ကို ကမန်းကတန်းဝတ်လိုက်ရသည်"မေမေ သားသွားတော့မယ်"
"နေဦး သားရဲ့ သားကသူ့ကိုသိလို့လား.."
မေမေပြောတဲ့စကားကိုနားမလည်။ဘယ်သူ့ကိုသိရမာ
လဲ??"ဟင် ဘယ်သူ့ကိုလဲ?"
"ရော့ ဒါသားခေါ်လာပေးရမယ့် ကောင်လေးရဲ့ပုံ"
"ဟုတ် "
ကျနော်ဓာတ်ပုံကိုမကြည့်တော့ဘဲ ဘောင်းဘီအိတ်ကပ်
ထဲထည့်လိုက်သည်။"သား သူ့နမည်က လန်ကျန့်တဲ့"
"ဟုတ်မေမေ သားသွားတော့မယ်နော်"
နာရီထပ်ကြည့်မိလိုက်တော့ ၇နာရီ၄၅ ကားကိုမြန်နိုင်
သမျှမြန်မြန်မောင်းထွက်ခဲ့သည်။🚘....ခနကြာတော့လေဆိပ်ကိုရောက်ခဲ့သည်။ဘေးပတ်ဝန်း
ကျင်ကို မျက်စိကစားကြည့်လိုက်တော့ လေယာဉ်
မဆိုက်သေးသောကြောင့် စောင့်နေတဲ့လူတေ..