Day 8
866 51 1
Unicode
7:45 AM
"ရိပေါ်!!! ခုထ!!! အလုပ်သွားရမယ်!!"
ခေါင်းကဆံပင်တစ်မွှေးတောင် မမြင်ရလောက်အောင် ခေါင်းမြှီးခြုံထားသောစောင်ကို ကျန်းချန်ဆဲွလှန်လိုက်သည်။
"..မသွားပါဘူးဆိုကွာ!!! ငါ...ငါ...မနေ့က ထွက်ပြေးခဲ့မိတာ အရမ်းရှက်တာပဲ!!"
ကျန်းချန်လက်ထဲက စောင်ကိုပြန်လုကာ ခေါင်းမြှီးပြန်ခြုံနေသည်။
" မင်းထွက်ပြေးသွားတာ ရှောင်ကျန့်မသိပါဘူးကွာ!! လာ...ထ!! အလုပ်သွားမယ်! ဒီနေ့ ရှယ်ယာရှင်အစည်းအဝေးရှိတယ်!"
" မသွားဘူး!! မသွားဘူး!! တော်ကြာ ကောနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ!!"
"မတွေ့ဘူး ဟေ့ကောင်! ဟိုက မင်းလိုမဟုတ်ဘူး...အစောကြီးထဲက ဆေးရုံသွားပြီ။ အပြန်လည်း သူ့ဂျူတီက ညနေ ၅နာရီဆိုပြီးပြီလေ....ငါတို ့က dinner သွားတက်ရအုံးမှာဆိုတော့ ၉နာရီလောက်မှပြီးမှာ။ တွေ့မှာမဟုတ်ဘူး.."
"တကယ်လား?? ကောနဲ့ တွေ့ရင် ငါရှက်လို ့သေမှာပဲ"
" အသံလေးကြားတာနဲ့ ပြေးတုန်းကပြေးပြီး....."  ဒီစကားတော့ ကျန်းချန် ထုတ်မပြောခဲ့လိုက်ပါ။ အစကနေ ပြန်ဆဲွခေါ်နေရတဲ့ သံသရာလည်နေမှာစိုးလို ့....
Zawgyi
7:45 AM
ခေါင်းကဆံပင်တစ်မွှေးတောင် မမြင်ရလောက်အောင် ခေါင်းမြှီးခြုံထားသောစောင်ကို ကျန်းချန်ဆွဲလှန်လိုက်သည်။
100 days to say "I love you"Where stories live. Discover now