Day 10

813 66 3
                                    

Unicode

10 AM
"ထတော့လေ ရိပေါ်!! ဘယ်လိုပဲ တနင်္ဂနွေနေ့ ဖြစ်အုံးတော့ ခုထိကို အိပ်ယာပေါ်မှာပဲ"
ကျန်းချန်​ ့ရဲ့ ပျစ်တောက်ပျစ်တောက်ပြောသံအဆုံးမှာ ရိပေ​ါ် တစ်ချက်ငြီးငြူမိလိုက်သည်။
"ကျန်းချန် မင်းကိုလည်းလေ မိန်းမမြန်မြန်ပေးစားရမယ်....ငါ့အမေတောင် မင်းလောက် ပွစိပွစိမပြောနိူင်ဘူး"
ဒေါသအိုးလေး ကျန်းချန်ရဲ့ အရှိုက်ကိုသွားဆွမိသဖြင့် ကျန်းချန် ရိပေါ် အခန်းထဲဝင်ပြီး ရိပေါ်ကို ပညာပေးမယ်အလုပ်
*ခွပ်*
*ဘုန်း *
"အား....ဝမ်ရိပေါ်!! ဒီစာအုပ်တွေက ဘာတွေလဲ?? ကြမ်းပြင်မှာ ပွကြဲနေတာပဲ!!! ဘာကြီး... ပန်းတို ့ရဲ့ အဓိပ္ပာယ်ဟုတ်လား?"
ကျန်းချန် သူတိုက်မိတဲ့စာအုပ်ပုံတွေထဲက တွေ ့ရာတစ်အုပ်ကို လှမ်းကိုင်ပြီး မေးလိုက်သည်။ ရိပေါ်သည် ဆန်းဆန်းပြားပြားတွေကို ဝါသနာပါတတ်မှန်းသိသည်။ သူစိတ်ပါသွားရင်လည်း အဲ့တစ်ခုကို စိတ်နှစ်ထည့်ပြီး လုပ်တတ်သည်။
ဒါပေမယ့် ဒီပန်းတွေနဲ့ ရိပေါ်?? ဘယ်တုန်းကမှ တဲွမြင်လို ့မရခဲ့...
" အာ!! ကျန်းချန် မင်း နေကြာပန်းရဲ့ အဓိပ္ပာယ်သိလား?"  ကျန်းချန်ပြောမှပဲ တစ်ခုခုကို သတိရသွားဟန်ရဲ့ ရိပေါ်ကမေးသည်။
" ဘယ်လိုလုပ်သိမှာလဲကွ!" ကျန်းချန် သူ့ဒူးခေါင်းကို ကိုင်ပြီးထတော့
" နှင်းဆီပန်းကော?" ဆိုပြီး ထပ်မေးသည်။ ကျန်းချန် ဒီတိုင်းစိတ်ပျက်လက်ပျက်ခေါင်းခါပြမိသည်။
" ငါပြောပြမယ် ဒါဆို။
နှင်းဆီပန်းရဲ့ အဓိပ္ပာယ်က Love မှန်းတော့ မင်းသိတယ်မလား? ခရမ်းနုရောင်နှင်းဆီပန်း အဲ့မှာမှ ဆူးသံလေးတွေပါတဲ့ ခရမ်းနုရောင်နှင်းဆီပန်းက love at first sight ကို ကိုယ်စားပြုတာတဲ့ကွ!! ငါနဲ့ ကော လိုပေါ့ကွ!"
ကျန်းချန်သိလိုက်ပြီ။ ဒါတွေဟာ ရှောင်ကျန့်နဲ့ ပတ်သက်နေပြီဆိုတာ။ ရိပေါ်ကတော့ သူလေ့လာရှာဖွေထားတဲ့အချက်တွေကို ဆက်ပြောလို ့ကောင်းတုန်း။
" အေး...ခရမ်းရင့်ရောင်နှင်းဆီကတော့ လွယ်လွယ်ပြောရရင် Forever ပေါ့ကွာ! နေကြာပန်းလေးကကျတော့ သစ္စာရှိ....ဟေ့ရောင် ကျန်းချန် !! ခဏနေအုံးလေ!! ငါရှင်းပြတာ နားထောင်ဦးလေ!"

Zawgyi
10 AM
"ထေတာ့ေလ ရိေပၚ!! ဘယ္လိုပဲ တနဂၤေႏြေန႔ ျဖစ္အုံးေတာ့ ခုထိကို အိပ္ယာေပၚမွာပဲ"
က်န္းခ်န္​ ့ရဲ့ ပ်စ္ေတာက္ပ်စ္ေတာက္ေျပာသံအဆုံးမွာ ရိေပ​ၚ တစ္ခ်က္ၿငီးျငဴမိလိုက္သည္။
"က်န္းခ်န္ မင္းကိုလည္းေလ မိန္းမျမန္ျမန္ေပးစားရမယ္....ငါ့အေမေတာင္ မင္းေလာက္ ပြစိပြစိမေျပာနိူင္ဘူး"
ေဒါသအိုးေလး က်န္းခ်န္ရဲ့ အရွိုက္ကိုသြားဆြမိသျဖင့္ က်န္းခ်န္ ရိေပၚ အခန္းထဲဝင္ၿပီး ရိေပၚကို ပညာေပးမယ္အလုပ္
*ခြပ္*
*ဘုန္း *
"အား....ဝမ္ရိေပၚ!! ဒီစာအုပ္ေတြက ဘာေတြလဲ?? ၾကမ္းျပင္မွာ ပြၾကဲေနတာပဲ!!! ဘာႀကီး... ပန္းတို ့ရဲ့ အဓိပၸာယ္ဟုတ္လား?"
က်န္းခ်န္ သူတိုက္မိတဲ့စာအုပ္ပုံေတြထဲက ေတြ ့ရာတစ္အုပ္ကို လွမ္းကိုင္ၿပီး ေမးလိုက္သည္။ ရိေပၚသည္ ဆန္းဆန္းျပားျပားေတြကို ဝါသနာပါတတ္မွန္းသိသည္။ သူစိတ္ပါသြားရင္လည္း အဲ့တစ္ခုကို စိတ္ႏွစ္ထည့္ၿပီး လုပ္တတ္သည္။
ဒါေပမယ့္ ဒီပန္းေတြနဲ႔ ရိေပၚ?? ဘယ္တုန္းကမွ တဲြျမင္လို ့မရခဲ့...
" အာ!! က်န္းခ်န္ မင္း ေနၾကာပန္းရဲ့ အဓိပၸာယ္သိလား?"  က်န္းခ်န္ေျပာမွပဲ တစ္ခုခုကို သတိရသြားဟန္ရဲ့ ရိေပၚကေမးသည္။
" ဘယ္လိုလုပ္သိမွာလဲကြ!" က်န္းခ်န္ သူ႔ဒူးေခါင္းကို ကိုင္ၿပီးထေတာ့
" ႏွင္းဆီပန္းေကာ?" ဆိုၿပီး ထပ္ေမးသည္။ က်န္းခ်န္ ဒီတိုင္းစိတ္ပ်က္လက္ပ်က္ေခါင္းခါျပမိသည္။
" ငါေျပာျပမယ္ ဒါဆို။
ႏွင္းဆီပန္းရဲ့ အဓိပၸာယ္က Love မွန္းေတာ့ မင္းသိတယ္မလား? ခရမ္းႏုေရာင္ႏွင္းဆီပန္း အဲ့မွာမွ ဆူးသံေလးေတြပါတဲ့ ခရမ္းႏုေရာင္ႏွင္းဆီပန္းက love at first sight ကို ကိုယ္စားျပဳတာတဲ့ကြ!! ငါနဲ႔ ေကာ လိုေပါ့ကြ!"
က်န္းခ်န္သိလိုက္ၿပီ။ ဒါေတြဟာ ေရွာင္က်န႔္နဲ႔ ပတ္သက္ေနၿပီဆိုတာ။ ရိေပၚကေတာ့ သူေလ့လာရွာေဖြထားတဲ့အခ်က္ေတြကို ဆက္ေျပာလို ့ေကာင္းတုန္း။
" ေအး...ခရမ္းရင့္ေရာင္ႏွင္းဆီကေတာ့ လြယ္လြယ္ေျပာရရင္ Forever ေပါ့ကြာ! ေနၾကာပန္းေလးကက်ေတာ့ သစၥာရွိ....ေဟ့ေရာင္ က်န္းခ်န္ !! ခဏေနအုံးေလ!! ငါရွင္းျပတာ နားေထာင္ဦးေလ!"

100 days to say "I love you"Where stories live. Discover now