Unicode
6:15 PM
"ဒုန်း !!! ဒုန်း!!! ဒုန်း!!!!"
တံခါးခေါက်နေသံလည်းမဟုတ်သလို စားပဲွခုံထုနေသံလည်းမဟုတ်ပါ။ ရိပေါ် ရင်ဘတ်ထဲက ထွက်လာတဲ့ နှလုံးခုန်သံတွေ။
သူ့ရှေ့မှာ ရှိတဲ့ ဖန်ခွက်ဖြူလေးထဲက green tea ေလးကို စိတ်လှုပ်ရှားစွာယူသောက်လိုက်သည်။ လက်ဖက်စိမ်းရေနွေးကြမ်းဟာ အရင်ထဲက ဒီလိုပဲချိုတာလား?
ခုမှ စသောက်ဖူးတဲ့ ကျန့်ကောရဲ့ green tea ဟာ ရိပေါ်ရဲ့ favorite drinks list ထဲ နံပါတ်တစ် အလိုအလျောက်ရောက်ရှိသွားသည်။
ရိပေါ် ထိုင်နေရာကနေ ရှောင်ကျန့်ကို လှမ်းကြည့်လိုက်မိသည်။ ဟင်းချက်တတ်တဲ့ယောကျာ်းတစ်ယောက်ဟာ ဒီလောက်တောင်ဆဲွဆောင်မှု ရှိမှန်း ခုမှ ရိပေါ်သိသည်။
ဟင်းသီးဟင်းရွက်တွေကို လှီးတာတောင်ဒီလောက် ဆဲွဆောင်မှုရှိနေရင် ခဲွခန်းထဲမှာ ဓားနဲ့ ကျွမ်းကျင်စွာခဲွနေတဲ့ ခဲွစိတ်ဆရာဝန် ရှောင်ကျန့်ကို ရိပေါ် စိတ်ကူးနဲ့ မြင်ယောင်ကြည့်မိသည်။ အို....လူနာဖြစ်သွားချင်လိုက်တာ...။
ရှောင်ကျန့်နောက်ကျောကို ရိပေါ်တောက်လျှောက်ငေးကြည့်နေတာ...ရှောင်ကျန့်ထောပတ်သီးကို ပုံဖော်နေရာက တစ်ချက်လှည့်ကြည့်လိုက်တော့ ချက်ချင်းကို ရိပေါ် ခေါင်းက လက်ဖက်ရည်ခွက်ဆီ ပြန်တည့်သွားသည်။
တောက်!!! ဒီ နှလုံးခုန်သံတွေကလည်း..ကျယ်လိုက်တာ!! ကျန့်ကော ကြားသွားရင် ဒုက္ခ!
ရိပေါ် တစ်ယောက် သူ့ရင်ခုန်သံနဲ့ သူအလုပ်ရှုပ်နေသဖြင့် သူ့ကို ကြည့်ပြီး ပြုံးနေတဲ့ ရှောင်ကျန့်ကို သတိမထားမိလိုက်ပေ။Zawgyi
6:15 PM
"ဒုန္း !!! ဒုန္း!!! ဒုန္း!!!!"
တံခါးေခါက္ေနသံလည္းမဟုတ္သလို စားပဲြခုံထုေနသံလည္းမဟုတ္ပါ။ ရိေပၚ ရင္ဘတ္ထဲက ထြက္လာတဲ့ ႏွလုံးခုန္သံေတြ။
သူ႔ေရွ႕မွာ ရွိတဲ့ ဖန္ခြက္ျဖဴေလးထဲက green tea ေလးကို စိတ္လွုပ္ရွားစြာယူေသာက္လိုက္သည္။ လက္ဖက္စိမ္းေရေႏြးၾကမ္းဟာ အရင္ထဲက ဒီလိုပဲခ်ိဳတာလား?
ခုမွ စေသာက္ဖူးတဲ့ က်န႔္ေကာရဲ့ green tea ဟာ ရိေပၚရဲ့ favorite drinks list ထဲ နံပါတ္တစ္ အလိုအေလ်ာက္ေရာက္ရွိသြားသည္။
ရိေပၚ ထိုင္ေနရာကေန ေရွာင္က်န႔္ကို လွမ္းၾကည့္လိုက္မိသည္။ ဟင္းခ်က္တတ္တဲ့ေယာက်ာ္းတစ္ေယာက္ဟာ ဒီေလာက္ေတာင္ဆဲြေဆာင္မွု ရွိမွန္း ခုမွ ရိေပၚသိသည္။
ဟင္းသီးဟင္းရြက္ေတြကို လွီးတာေတာင္ဒီေလာက္ ဆဲြေဆာင္မွုရွိေနရင္ ခဲြခန္းထဲမွာ ဓားနဲ႔ ကၽြမ္းက်င္စြာခဲြေနတဲ့ ခဲြစိတ္ဆရာဝန္ ေရွာင္က်န႔္ကို ရိေပၚ စိတ္ကူးနဲ႔ ျမင္ေယာင္ၾကည့္မိသည္။ အို....လူနာျဖစ္သြားခ်င္လိုက္တာ...။
ေရွာင္က်န႔္ေနာက္ေက်ာကို ရိေပၚေတာက္ေလၽွာက္ေငးၾကည့္ေနတာ...ေရွာင္က်န႔္ေထာပတ္သီးကို ပုံေဖာ္ေနရာက တစ္ခ်က္လွည့္ၾကည့္လိုက္ေတာ့ ခ်က္ခ်င္းကို ရိေပၚ ေခါင္းက လက္ဖက္ရည္ခြက္ဆီ ျပန္တည့္သြားသည္။
ေတာက္!!! ဒီ ႏွလုံးခုန္သံေတြကလည္း..က်ယ္လိုက္တာ!! က်န႔္ေကာ ၾကားသြားရင္ ဒုကၡ!
ရိေပၚ တစ္ေယာက္ သူ႔ရင္ခုန္သံနဲ႔ သူအလုပ္ရွုပ္ေနသျဖင့္ သူ႔ကို ၾကည့္ၿပီး ျပဳံးေနတဲ့ ေရွာင္က်န႔္ကို သတိမထားမိလိုက္ေပ။
