Unicode
7:30 PM
"ကျန်းချန်! ကျန်းချန်! ဒါ နားထောင်ကြည့်စမ်း!! "
စာအုပ်တစ်အုပ်ကို ဆဲွလာပြီး ကျန်းချန်အခန်းထဲ ဝင်လာတဲ့ ရိပေါ်ကိုကြည့်ပြီး ကျန်းချန်သက်ပြင်းချမိသည်။
ဒီရက်ပိုင်း ရိပေါ် "The little prince and the fox" စာအုပ်ကို ဓာတ်ကျနေသည်။
ဟိုးနေ့က Shanghai ကို meeting သွားတက်ပြီး ပြန်ခါနီးကိုလည်း တစ်မြို ့လုံးပတ်ပြီး အဲ့အရုပ်ကိုလိုက်ရှာဝယ်နေတာ။ နောက်နေ့ကျ ပြန်ရောက်ရောက်ချင်း ညတွင်းချင်း ရှောင်ကျန့်ကို သွားပေးတော့တာပဲ။
" ဘာဖြစ်ပြန်ပြီလဲ ရိပေါ်ရာ?? မင်းတော့ တစ်ရက်မှ နားရတယ် မရှိဘူး" ကျန်းချန် စိတ်ပျက်လက်ပျက်ပြောလိုက်မိသည်။
" ဒီမှာ နားထောင်ကြည့်ပါ့ဆို...
မြေခွေးလေးကပြောတယ် 'မင်းဟာ ငါ့အတွက် တခြားတော့ ထောင်ပေါင်းများစွာထဲက ကောင်လေးတစ်ယောက်ပဲ, ငါဟာလည်း မင်းအတွက်တော့ တခြားတော့ထောင်ပေါင်းများစွာထဲက မြေခွေးတစ်ကောင်ပဲ။ ဒါပေမယ့် မင်းက ငါ့ကိုယဉ်ပါးအောင်လုပ်လိုက်မယ်ဆိုရင် ငါ့အတွက်မင်းက မရှိမဖြစ်လိုအပ်တဲ့ကောင်လေးဖြစ်လာလိမ့်မယ်။ မင်းအနားမှာပဲနေချင်လာလိမ့်မယ်။ မင်းနဲ့ အတူရှိနေရင် ပုံမှန်မြင်နေကျ ပြောင်းဖူးခင်းကြီးကလည်း ရွှေရောင်သန်းပြီးလှနေလိမ့်မယ်' တဲ့"
"အဲ့တော့ ဘာဖြစ်လဲ?" ကျန်းချန်စိတ်မရှည်စွာဖြတ်မေးလိုက်သည်။
"နေပါဦးကွ! မြေခွေးလေးက ဆက်ပြောသေးတယ်...'မင်းဟာ ယဉ်ပါးလာအောင်လေ့ကျင့်ပေးခဲ့တဲ့ အတွက် မင်းမှာ တာဝန်ရှိတယ်' တဲ့!!"
"အဲ့တော့ မင်းက မြေခွေးလား?" ကျန်းချန် ခနဲ့တဲ့တဲ့ပြောလိုက်တော့
" မြေခွေးဆိုလည်း အဖြစ်ခံမှာပဲ! မင်းသားလေးရှောင်ကျန့် အတွက်ဆိုရင်"
ခုတင်ပေါ်မှာ ထိုင်နေတဲ့ ရိပေါ်ကို ကျန်းချန် မျက်စောင်းတစ်ချက်ပစ်ရင်း အခန်းပြင်ထွက်ခဲ့လိုက်သည်။Zawgyi
7:30 PM
"က်န္းခ်န္! က်န္းခ်န္! ဒါ နားေထာင္ၾကည့္စမ္း!! "
စာအုပ္တစ္အုပ္ကို ဆဲြလာၿပီး က်န္းခ်န္အခန္းထဲ ဝင္လာတဲ့ ရိေပၚကိုၾကည့္ၿပီး က်န္းခ်န္သက္ျပင္းခ်မိသည္။
ဒီရက္ပိုင္း ရိေပၚ "The little prince and the fox" စာအုပ္ကို ဓာတ္က်ေနသည္။
ဟိုးေန႔က Shanghai ကို meeting သြားတက္ၿပီး ျပန္ခါနီးကိုလည္း တစ္ၿမိဳ ့လုံးပတ္ၿပီး အဲ့အ႐ုပ္ကိုလိုက္ရွာဝယ္ေနတာ။ ေနာက္ေန႔က် ျပန္ေရာက္ေရာက္ခ်င္း ညတြင္းခ်င္း ေရွာင္က်န႔္ကို သြားေပးေတာ့တာပဲ။
" ဘာျဖစ္ျပန္ၿပီလဲ ရိေပၚရာ?? မင္းေတာ့ တစ္ရက္မွ နားရတယ္ မရွိဘူး" က်န္းခ်န္ စိတ္ပ်က္လက္ပ်က္ေျပာလိုက္မိသည္။
" ဒီမွာ နားေထာင္ၾကည့္ပါ့ဆို...
ေျမေခြးေလးကေျပာတယ္ 'မင္းဟာ ငါ့အတြက္ တျခားေတာ့ ေထာင္ေပါင္းမ်ားစြာထဲက ေကာင္ေလးတစ္ေယာက္ပဲ, ငါဟာလည္း မင္းအတြက္ေတာ့ တျခားေတာ့ေထာင္ေပါင္းမ်ားစြာထဲက ေျမေခြးတစ္ေကာင္ပဲ။ ဒါေပမယ့္ မင္းက ငါ့ကိုယဥ္ပါးေအာင္လုပ္လိုက္မယ္ဆိုရင္ ငါ့အတြက္မင္းက မရွိမျဖစ္လိုအပ္တဲ့ေကာင္ေလးျဖစ္လာလိမ့္မယ္။ မင္းအနားမွာပဲေနခ်င္လာလိမ့္မယ္။ မင္းနဲ႔ အတူရွိေနရင္ ပုံမွန္ျမင္ေနက် ေျပာင္းဖူးခင္းႀကီးကလည္း ေရႊေရာင္သန္းၿပီးလွေနလိမ့္မယ္' တဲ့"
"အဲ့ေတာ့ ဘာျဖစ္လဲ?" က်န္းခ်န္စိတ္မရွည္စြာျဖတ္ေမးလိုက္သည္။
"ေနပါဦးကြ! ေျမေခြးေလးက ဆက္ေျပာေသးတယ္...'မင္းဟာ ယဥ္ပါးလာေအာင္ေလ့က်င့္ေပးခဲ့တဲ့ အတြက္ မင္းမွာ တာဝန္ရွိတယ္' တဲ့!!"
"အဲ့ေတာ့ မင္းက ေျမေခြးလား?" က်န္းခ်န္ ခနဲ႔တဲ့တဲ့ေျပာလိုက္ေတာ့
" ေျမေခြးဆိုလည္း အျဖစ္ခံမွာပဲ! မင္းသားေလးေရွာင္က်န႔္ အတြက္ဆိုရင္"
ခုတင္ေပၚမွာ ထိုင္ေနတဲ့ ရိေပၚကို က်န္းခ်န္ မ်က္ေစာင္းတစ္ခ်က္ပစ္ရင္း အခန္းျပင္ထြက္ခဲ့လိုက္သည္။