စပြီး Ro ပါပြီ ဟဲဟဲ😁😁😁
အစ်ကို ခဏလေးပါ မရုန်းပါနဲ့ ကျွန်တော်အရမ်းပင်ပန်းနေလို့ပါ အစ်ကို့ကိုဖက်ထားရင် ပင်ပန်းတာတွေပျောက်ပြီးအားရှိတယ်လို့ ခံစားရလို့ပါ
မင်း😏😏
ပြီးရော ပြီးရော သက်သာရင်ငါ့ကိုလွှတ်ပေး
အင်း
ကျွန်တော် တအောင့်နေဖက်ထားတဲ့ သူ့ကိုလှည့်ကြည့်လိုက်တော့ အိပ်နေတယ် အဲ့ဒါနဲ့ကျွန်တော် ကုတင်ပေါ် သေချာနေရာချပြီး အိပ်စေလိုက်တယ်.
ကျွန်တော်အခုမှသေချာကြည့်မိတော့အဲကောင်လေး တော်တော်ကြည့်ကောင်းတာဘဲ အမြဲတမ်း ကျွန်တော့်ရှေ့မှာဆို ပြုံးရယ်နေတဲ့သူက
အခြားသူကိုကြည့်ရင်တည်နေတာဘဲ အသံဆို မာနောတာဘဲ.
ဒါပေမဲ့သူကျွန်တော့်ကိုပြောရင် လေသံကပျော့နေတာဘဲ
အော် ဒါနဲ့ဒီနေ့ Yi Aww ကိုပြောတာ ကျွန်တော်နည်းနည်းကြောက်မိတယ်...
ငယ်ငယ်လေးနဲ့အောင်မြင်တဲ့သူ့ကိုကြိုက်တဲ့ ကောင်မလေးတွေ ရှိတာကို ဘာလို့ ကျွန်တော့်ကိုဘဲ ဖက်တွယ်နေတာကိုလည်း အံ့သြမိတယ်.
ကျွန်တော်အတွေးများနေတုန်း သူ့အမေ ဖုန်းလားမသိဘူးဝင်လာတော့ ကျွန်တော်ဖုန်းကိုကိုင်လိုက်တယ်
သား သက်သာလား မားတအောင့်နေထွက်လာခဲ့မယ် သားရဲ့ပါးက အလုပ်များလို့မလာနိုင်လောက်တော့ဘူး
အော်အန်တီ Yibo အိပ်နေလို့ သားဘာပြောပေးရမလဲ ခင်ဗျ
အော် သားသူငယ်ချင်းလေးဘဲ မပြန်ရသေးဘူးပေါ့
ဟုတ် ဟို... အန်တီ လူနာစောင့်အဆင်မပြေရင် ကျွန်တော်စောင့်ပေးမယ်အန်တီမလာခဲ့နဲ့လေ မနက်စောစော မှလာခဲ့ရင် ရတယ်ခင်ဗျ
အဲ့လိုဆိုသားအဆင်ပြေလား ပြေရင်အန်တီမလာတော့ဘူးနော် မနက်စောစောလာခဲ့လိုက်မယ်လေ
ကျေးဇူးပါသား ရယ် အော်သားနာမည်က
Xiao Zhan ပါခင်ဗျ
ကျေးဇူးပါသား Xiao Zhan ရယ်
Yibo အမေဖုန်းဆက်ပြီးချသွားတဲ့အထိ သူမနိုးသေးဘူး ကျွန်တော်လည်း သူစားဖို့ ဆန်ပြုတ်လေးရယ် ကျွန်တော့် အတွက်ဒီညအိပ်ဖို့ တကိုယ်ရေသုံးပစ္စည်း သွားဝယ်ဖို့ထွက်လာလိုက်တယ်.