Yibo အခန်း password ပြော"
"050810 အစ်ကို"
ကျွန်တော်လည်း အရှေ့ဆုံးကနေသူ့ကိုတွဲပြီး အိမ်ထဲဝင် ပြီးတော့သူ့အခန်းထဲဝင်ပြီးအိပ်ရာခင်းတွေခါ စောင်တွေခါပြီးတာနဲ့ အန်တီကဝင်လာပြီး...
ငါ့သားမှာ ဒီလောက်အားကိုးရတဲ့သူငယ်ချင်းရှိတာ ဘာလို့မပြောလဲမသိဘူး ငါ့သမီးလေးတာရှိလို့ကတော့ ဒီသားလေးနဲ့ပေးစားတယ်
မား ပြန်တော့. သားကို အစ်ကိုနဲ့ထားခဲ့လိုက်တော့
အော် သူ့အတွက်အဖော်ရှိတော့ ငါ့ကိုမောင်းထုတ်တယ် တယ်တော်တဲ့ငါ့သားပါလား. အေး အဲ့ဒါဆို မားပြန်မယ် သားလေး Yibo ကိုစောင့်ရှောက်ပေးပါအုံးနော်
ဟုတ်ကဲ့ အန်တီ
မားသားပြောချင်တာရှိတယ် သားငယ်ငယ်တည်းကမားတို့အပေါ်သားဆိုးခဲ့တာမရှိဘူး ယုတ်စွအဆုံးအိမ်ထောင်ပြုဖို့ကိုတောင် မားသဘော တိုင်းသားခေါင်းငြိမ့်ခဲ့တာ
ဒါပေမဲ့ အဲဒါတွေအကုန်လုံးကသားအပေါ်နောက်ဆုံးဘဲဖြစ်ပါစေမား သားအိမ်ထောင်ဘက်ကို သားကိုယ်တိုင်ရှာမယ် မား ဘာမှဝင်မစွက်ဖက်ပါနဲ့ မားဝင်ပါရင် သားကိုယ့်ကိုယ်ကို ဘာလုပ်မိမယ်ဆိုတာ မသေချာဘူး.
မားတို့ကိုခြိမ်းခြောက်တာ မဟုတ်ဘူး သားဘဝကိုသားကိုယ်တိုင် ပုံဖော် ဖို့လိုပြီလေ မား.
သားပြောတာ အကျိုးသင့်အကြောင့်သင့်ဖြစ်ပြီး မှန်ပါတယ် ပြီးတော့ မား.
ဆုံးဖြတ်လိုက်ပါပြီ သားသဘောတိုင်း လုပ်ပါ မားဘာမှဝင်မပါဘူးလို့ သားလည်းမငယ်တော့ဘူး
ကိစ္စတခုကိုကောင်းကောင်းဆုံးဖြတ်နိုင်မယ် လို့ထင်တယ် ကဲမားသွားမယ် သား Zhan သွားပြီနော်
မား ကျွန်တော့်ကိုနှုတ်ဆက်ပြီးထွက်သွားတာနဲ့ အစ်ကိုကကျွန်တော့်ကို
မင်းဆိုသည်မှာလေ စကားကိုလှအောင်ဘယ်တော့မှ မပြောတတ်ဘူး မိဘကမင်းကို စိုးရိမ်လို့ပြောတာလေ မင်းက အမေကို စကားလှလှလေးပြောပါလား ဘယ်နှယ့် စကားပြောရင် ဒုတ်ထိုးအိုးပေါက်
