ရှောင်းကျန့်တို့အိမ်ပေါ်ကြမ်းခင်းတွင်....
ကျားယွီမှာ သူ့နည်းတူငုတ်တုတ်လေးထိုင်နေသော မိမိရှပ်အင်္ကျီကိုဂါဝန်လုပ်ဝတ်ထားသောကလေးပိစိလေးကိုတစ်လှည့် အကိုဖြစ်သူကိုတစ်လှည့်ပြုံးစိစိကြည့်ရင်း...
"အဲ့တော့ ဒီသေးသေးလေးကရှူးထွက်ကျလို့ ကိုကြီးကဘောင်းဘောင်းလေးလျှော်ပေးနေတာပါ့ ရပြီလေ ဘာလို့ငုတ်တုတ်ထိုင်နေကြတာလဲ ဗိုက်ဆာလာတယ်လို့"
"အေးအေး ငါဟင်းတွေနွှေးလိုက်ဦးမယ်"
ရှောင်းကျန့်ထသွားတော့ အိမ်ရှေ့ခန်းကျဉ်းလေးထဲတွင် ဝမ်ရိပေါ်နှင့် ကျားယွီသာကျန်ခဲ့သည်။
ဖြူ ဆွတ်နေသောကလေးသေးသေးလေးရဲ့မျက်စိပေကလပ်ပေကလပ်လေးက သူ့မအကိုရဲ့ကျောနောက်ကထပ်ကြပ်မကွာ...။
အကိုလုပ်သူ၏ညတိုင်းဖောက်သည်ချမှုကြောင့်ထိုကလေးမျက်နှာသေချာမမြင်ဖူးသော်လည်းနာမည်တော့ရင်းနှီးနေခဲ့သည်။
မိမိ၏ဂေါ်မစွံအကိုကြီးမှာ..လိုက်ကြိုက်ခံရတော့လည်းကလေးသေးသေးလေးအပြင်ယောက်ျားလေးကဖြစ်နေပြန်သည်။
ဆောတီး..ငါကယောင်းမလိုချင်တာ။
"ဝမ်ရိပေါ်လား ဟုတ်လား နာမည်လေးက"
ထိုအခါမှစူပါဂလူးဆန်တဲ့မျက်ပေတုံးလေးကသူမဘက်လှည့်၍
"ဟုတ် ခယ်မလေးနာမည်တော့ သားသိတယ်ပြောနဲ့တော့"
"ဟောတော့ ဘာတုန်းခယ်မ"
"သားပါပါးကိုမေးပြီးပြီ ကိုကိုနဲ့သား ယူရင် မမက သားနဲ့ခယ်မတော်တယ်တဲ့"
ဘုရားရေ!နင်လေးက ငါ့အကိုကိုတကယ်အလွတ်မပေးဘူးလားဟယ်။
ပါးဖောင်းကြီးဆူပွဆူပွနဲ့ကိုယ်ဖြစ်ချင်တာကိုပက်ခနဲပြောတတ်တဲ့ကလေးကိုတော့ သူမ မချစ်ပဲမနေနိုင်ပါ။
ကလေးဆိုတာဖြူစင်တယ်လေ။ဒီအရွယ်ဘာသိဦးမှာလဲ..။အရွယ်ရောက်လာတော့လည်း သူ့ဟာနဲ့သူဖြစ်သွားမှာပေါ့။အခုတော့ သူမအကိုလည်းညီလေးရနေသလိုပဲနေမှာ။
ဝမ်ပေါ်ပေါ်ရဲ့အသက်နဲ့မလိုက်အမှောင်စိတ်ဓာတ်ကြီး-ဟုတ် မကြီးတော်တယ်။
YOU ARE READING
GeGe(ကိုကို)Unicode+Zawgyi
Romanceအဆင်ပြေရင်ကျန့်ကောတိတိကျကျဒိတ်ကလေးပေးပေါ်ပေါ်လေးဖောက်ခဲ့ရတဲ့ရေမြောင်းတွေ