9

6.1K 782 26
                                    

ဒီနှစ်ကျောင်းပိတ်ရက်သည် ကလေးထိန်းလုပ်ရ၍လားမသိ ရှည်လျားလွန်းသည်ဟုထင်ရသည်။

အရင်ကတော့ဆိုင်တွင်တနေကုန်လုပ်ပေးနိုင်သော်လည်း အခုတော့ကျောင်းဆင်ပြီးညနေပိုင်းမှသာ အလုပ်လုပ်ရတော့မည်။

အချိန်ပိုင်းဝန်ထမ်းပုံစံမို့ လစာလည်းနည်းမသွားပါ။

ဘာတဲ့ သူဌေးကကျောင်းတက်ရင်းအလုပ်လုပ်တဲ့သူတွေကိုထောက်ပံ့ချင်လို့ဆိုလား...။

ဆင်ခြေတွေ...ဘယ်သူ့စနက်လဲ ငါသိတယ်နော်...ငါသိတယ်နော်...ဟင်းဟင်း...။

ရှောင်းကျန့်ထိုနေ့ကအပီအပြင်ငြင်းဖို့အားယူထားသည်။ကိုယ့်လုပ်အားနဲ့ရတာပိုက်ဆံမဟုတ်ပဲ မလိုချင်ပါဘူး!!!

သို့သော်ဝမ်ပါပါးကိုယ်တိုင်ဆိုင်ကကျောင်းတက်ရင်းအလုပ်လုပ်တဲ့သူမှန်သမျှလစာမနှုတ် ဘူးဟုအကြောင်းကြားလာသောကြောင့်ငြင်းရခက်သည်။

မိမိလိုကျောင်းသားအားလုံးက အပိုငွေရတော့မည်ဖြစ်၍ပျော်နေကြသောကြောင့် အများနဲ့တစ်ယောက်တစ်မူထူး၍ မတားချင်တော့ပါ။

ဝမ်ရိပေါ်....ပိုက်ဆံတွေ တွင်းထဲက ရနေလား!!!

သို့သော်....မိမိကျောင်းတက်ရတော့မည်ဖြစ်၍ ထိုကလေးစုတ်လေး မိမိအားဗရုတ်ကျချိန်နည်းတော့မည်ဖြစ်သည်။ထိုကလေးလည်းအလယ်တန်းပေါ့..။

ဘာပဲဖြစ်ဖြစ် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားဘဝကို လွတ်လွတ်လပ်လပ် ကုန်ဆုံး...

ရှောင်းကျန့်အပျော်တွေသည် ကျောင်းထဲသို့လှမ်းဝင်လိုက်သည်နှင့် ကျောင်းတံခါးဝမှကျန်ခဲ့ရှာသည်(ဘိုင့်ဘိုင်)

ကျောပိုးအိတ်လွယ် ထမင်းချိုင့်ကလေးကိုင်ပြီး ငုတ်တုတ်လေးထိုင်နေသောပါးဖောင်းကြီးနှင့်ကလေးလေးကို မီးဝင်းဝင်းတောက်သောအကြည့်တွေနှင့်ကြည့်နေသော ကောင်လေးတစ်ယောက်....

"အဲ့ဒါ ဘာအကြည့်လဲ သူလည်းနောက်ကျသေးတယ် သူများလက်နာနေပြီ ထမင်းချိုင့်ကအလေးကြီး အဟင့်"

"မင်းကိုဘယ်သူစောင့်ခိုင်းလို့တုန်း...မဟုတ်သေးဘူး မင်းကဒီကိုဘယ်လိုရောက်လာတာလဲ"

GeGe(ကိုကို)Unicode+ZawgyiWhere stories live. Discover now