10

6.1K 754 26
                                    

ကျောင်းဆင်းတော့လည်း လမ်းမလျှောက်ချင်ဘူးဆို၍ကုန်းပိုးရသည်။

ရှောင်းကျန့်မှာ သူ့လွယ်အိတ်ကြီးကတစ်ဖက် ထမင်းချိုင့်ကတစ်ဖက် ကိုယ့်အထုပ်အပိုးတွေကတစ်ဖက်အပြင် ဝက်လုံးကို ကုန်းပိုးရသေးသည်။

"အိမ်ရောက်ရင်ဆေးသေချာထည့်နော် အမာရွတ်ကျန်မယ်"

"ဟုတ် ကိုကိုလေးတယ် သားလမ်းလျှောက်မယ်လေ"

"လျှာမရှည်နဲ့ ငြိမ်ငြိမ်လိုက်"

ကျောင်းရှေ့ကားရပ်ထားတာမြင်တာနဲ့ ထိုကားဆီပဲဦးတည်တော့မှ လေးလေးကျန်းဟူသည် ကားထဲမှထွက်လာလေသည်။

"ကလေးလေး...ကိုကြီးကိုအနိုင်ကျင့်နေတာလား ဒီကိုလာ"

"မဟုတ်ပါဘူး..ကလေးက..."

"သားချော်လဲတာ.."

စကားဖြတ်ပြောသောကလေးကိုကြည့်တော့ သူ့ကိုကြည့်မနေပါ။

"သားချော်လဲလို့ ကိုကိုက လိုက်ပို့ပေးတာ"

"သြော်..ရှောင်းကျန့်လေးနေပြီ ပေးပေး ဟိုကလေးပစ္စည်းတွေလေးလေးကိုပေး"

လေးလေးကျန်းကားထဲသွားသိမ်းဆည်းနေမှ

"ကိုကို့"

"လိမ်ပြောတာကိုကိုကြိုက်လားမကြိုက်ဘူးလား"

"အမှန်အတိုင်းပြောလို့သားပါပါးသိသွားရင် သားကိုကျောင်းပြောင်းမှာပေါ့ ဒါလေးတောင်မသိဘူးလား"

ပြောင်းသွားရင်ပိုတောင်ကောင်းသေးတယ်လို့လွှတ်ခနဲပြောချင်စိတ်ကိုတော်တော်ထိန်းလိုက်ရသည်။

"ကိုကို"

"ဘာတုန်း"

"ကိုကို့ကိုခဏဖက်မယ်"

"ဘာတုန်းရုတ်တရတ်ကြီးကျက်သီးထစရာတွေ"

"လုပ်ပါဆို"

သူ့ရှေ့ဒူးထောက်ပေးတော့မှလက်သေးသေးလေးတွေနဲ့တင်းနေအောင်လာဖက်သည်။

သားကိုယ်နံ့လေးကိုကိုမှတ်မိအောင်လို့။

တစ်နေ့လုံးစောင်ကမြင်းကြောထထား၍ ဝမ်ရိပေါ်ခန္ဓာကိုယ်သည် မွှေးမနေခဲ့ပါ...။

GeGe(ကိုကို)Unicode+ZawgyiWhere stories live. Discover now