ချစ်သောနှင်းဆီ ( 10.1 )

4.8K 175 6
                                    

ချစ်သောနှင်းဆီ ( 10.1 )

ကျူးယွင်ရှန့် ကြယ်ပင်လယ်ထဲ ပြန်ရောက်တော့ မျက်နှာကိုလက်ဖဝါးဖြင့်အုပ်ပြီး အချိန်အတန်ကြာ နေလိုက်သည်။ သူ ငိုရမလား ရယ်ရမလားတောင် မသိတော့ဘူး။ သူ အချိန်အကြာကြီးရှာနေခဲ့တဲ့သူက တကယ်တမ်းတော့ သူ့အနားမှာ တစ်ချိန်လုံးရှိနေခဲ့သည်။

သူ သူ့ချစ်သူကို အာရုံခံလို့မရပေမယ့် သူ့ချစ်သူကတော့ အချိန်တိုင်း သူ့ကို မလွဲတမ်းရှာဖွေနိုင်တာကြောင့် သူ့ coding level က ကျူးယွင်ရှန့် မှန်းဆထားတာထက် ပိုမြင့်နေလိမ့်မယ်လို့ သူ သံသယဝင်လာသည်။ ဗိုင်းရပ်စ်၊ ပရိုဂရမ် ဒါမှမဟုတ် Lord God က ထိန်းချုပ်ထားတဲ့ ဝိညာဉ်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ထင်မြင်မှန်းဆချက်များစွာ သူ့စိတ်ထဲ လှည့်လည်တွေးတောစဉ်းစားမိလိုက်သည်။

ဒါပေမယ့် မကြာခင်ပဲ သူ အဲအကြောင်း ထပ်ပြီးစဉ်းစားတွေးတောဖို့ အချိန်မရတော့ဘူး။ သူ အရင်က ဘဝတစ်ခုကနေ တစ်ခုကူပြောင်းချိန်တွင် လက်ခံရရှိခဲ့တာထက် ပိုကြီးမားလှသော စွမ်းအင်အမြောက်အမြား သူ့ဆီ အလျင်အမြန် စီးဆင်းလာပြီး ပျက်စီးနေတဲ့သူ့ဝိညာဉ်ကို ချက်ချင်း ပြန်ကောင်းမွန်လာစေသည်။ သူ့ဝိညာဉ်ကလည်း မီးခိုးရောင်ကနေ ရွှေရောင်အမျှင်အလင်းတန်းလေးတွေ အနည်းငယ် ရောယှက်နေသော တောက်ပသည့်အဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။ B - class ကမ္ဘာရဲ့စွမ်းအင်က ပေါ့သေးသေးတော့ မဟုတ်ဘူး။

စွမ်းအင်တစ်ချို့ မသိတဲ့နေရာဆီ စီးဆင်းပျောက်ကွယ်သွားတာ ကြည့်ပြီး သူ ပြုံးလိုက်သည်။ ထို့နောက် သူ့လက်ကောက်ဝတ်က AI ကို ဖွင့်လိုက်သည်။

မဖွင့်တာအတန်ကြာပြီဖြစ်သော 007 သည် အလွန်စိတ်လှုပ်ရှားနေပြီး ဖန်သားပြင်ပေါ် " ပြန်လည် ကြိုဆိုပါတယ် သခင် " ဆိုသောစာတန်းလေး ပြသလာသည်။

" နောက်ကမ္ဘာဆီ သွားမယ် " ကျူးယွင်ရှန့် ကူးပြောင်းတဲ့ခလုတ်ကို နှိပ်လိုက်တာနဲ့ သူ့ပုံသဏ္ဌာန်က အကန့်အသတ်မရှိ ကျယ်ပြောလှသော အာကာသဟင်းလင်းပြင် ကြယ်အစုအဝေးထဲ ပျောက်ကွယ်သွားသည်။

သူ့မျက်လုံးကို ပြန်ဖွင့်လိုက်ချိန် လူမရှိသည့် ကြီးမားလှသောခန်းမထဲ ဒူးထောက်နေသည့် သူ့ကိုယ့်သူ တွေ့လိုက်ရသည်။ သူ့အရှေ့တွင် ဆူးများစွာပါသော သရဖူနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးပုံကို ထွင်းထုထားသည့် ငါးမီတာမြင့်သော ရုပ်ထုရှိနေပြီး ထိုရုပ်ထုက သူ့ခြေရင်းအောက် ဒူးထောက်ခစားနေသည့် ယုံကြည်သက်ဝင်သူတွေကို မေတ္တာကရုဏာတရား ကြီးမားလှသည့် မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။

ခ်စ္ေသာနွင္းဆီ / ချစ်သောနှင်းဆီ ( ဗီလိန္မာယာ Arc 10 )Where stories live. Discover now