Unicode version below.
(ZG version)
လရောင်ရေးရေးဖြာကျနေတဲ့အခန်းငယ်လေးထဲမှာ အေးစိမ့်မှုတို့လွှမ်းခြုံနေတယ်
အေးစက်တဲ့ကျမ်းထက်ပြင်မှာ လူတစ်ယောက်ဟာ ခပ်သေးသေး ပြတင်းငယ်လေးကနေ တိုးဝင်နေတဲ့လရောင်ကို မျက်နှာမူလျက်လဲလျောင်းလို့ထိုလူ၏ ဆံနွယ်များမှာ မျက်နှာတစ်ခုလုံး ဖုံးလွှမ်းတော့မတတ်ရှည်လျား နေပြီး ပါးသိုင်းမွှေး မုတ်ဆိတ် မွှေးတို့နဲ့ မည်သူမည်ဝါဖြစ်ကြောင်းတောင်မသိနိုင် တော့
မျက်ခုံးနက်နက်နှာတံစင်းစင်း တို့သာကြည့်ပျော်ရှုပျော်ရှိလှပြီး ပါးရိုး၂ဖက်ဟာပိန်လှီလို့ နေတယ်
တစ်ကိုယ်လုံးချွတ်ခြုံကျနေပြီး အရာအားလုံးကိုအရှုံး ပေးပစ်တော့မည့်ပုံစံမျိုး နဲ့ ထိုလူဟာ
လက်နှစ်ဖက်ကိုခေါင်းအုံးပြီး လကိုသာတွင်တွင်ငေးလို့နေတယ်လကိုငေးနေတယ်လို့လည်း တပ်အပ်ပြောလို့မရဘူး
ဒီလူက အမြဲလိုလို ငေးမောနေတတ်ပြီး အတွေးရေယာဉ်ခရီးသွားနေတတ်တယ်
အကြောင်းမရှိပဲ ဒူးနှစ်လုံး ကြားထဲခေါင်းဖွက် တအိအိငိုနေတတ်သေးတယ် ပြီးတော့ 'Nan hai(ကောင်လေး)' ဆိုတဲ့သီချင်း ကိုအမြဲလိုလိုခပ်တိုးတိုး ညည်းနေတတ်တယ်
ဒီလိုဆိုတော့ ဒီလူဟာလူတွေသတ်ပြီး သူသတ်ထားတဲ့ဝိညာဉ်တွေကများနှောင့်ယှက်နေလို့ စိတ်ကစဥ့်ကလျား ဖြစ်ကုန်တာလား ?အနှီ အကျဉ်းဆောင်စောင့်လုံခြုံရေး ဟာ ထိုလူ့အခန်းရှေ့ဖြတ်လျှောက်ရင်း သက်မအရှည်ကြီးချရင်းလှည့်ထွက်သွားတော့တယ်
* * * * * *ဒီလိုလသာတဲ့ညမျိုးမှာ မင်းကိုစတွေ့ခဲ့တာ မလား
ရှောင်းကျန့် ကစီးကရက်တစ်လိပ်ကိုနှုတ်ခမ်းမှာကိုက်ပြီး မှ မီးခြစ်ရှာဖို့စိတ်မပါတော့ဘူး
တစ်ချိန်က စီးကရက်မီးညှိပေးနေတဲ့ပုံရိပ်ကလေး ကိုမြင်ယောင်ပြီး ရှောင်းကျန့် နှုတ်ခမ်းပါးတွေဟာ ကွေးညွတ်ကုန်တယ်