Ex

1.2K 130 5
                                    

(Zawgyi version)

ဖြောက်တောက်ဖြောက်တောက် မိုးစက်များက ရိပေါ် စိတ်ကို ညစ်ညူးစေတယ်
ခပ်တိုးတိုးပျံ့ လွင့်နေတဲ့ သီချင်းက
Adele ရဲ့ 'When We were Young'

ရိပေါ်သိပ်ပြီး ငြီးငွေ့တာပဲ
စားပွဲထိုးကောင်လေးကတော့ လေသံလေးနဲ့ သီချင်း ကိုလိုက်ညည်းနေတယ်

သောက် မယ်ရယ်လို့လည်းစိတ်ကူးမရှိပဲ မှာထားတဲ့ ကော်ဖီခွက်ကလေး လည်း အေးစက်လို့
မိုးခိုချင်ရုံ သပ်သပ်နဲ့ ကော်ဖီဆိုင်ဝင်ထိုင်လိုက်မိတာ

မိုးကမသည်း ပေမဲ့တိတ်လည်းမသွားဘူး

မှန် အကြည်ကာထားသည့်ဆိုင်ကလေးမို့ ကော်ဖီဆိုင်လေး မျက်နှာချင်းဆိုင် က ကားမှတ်တိုင် အမိုးအောက်မှာ လူငယ် တစ်ချို့ မိုးခိုရင်း ဆေးလိပ်မီးညှိနေကြတယ်

ရိပေါ်ခပ်ပါးပါးလေးပြုံးမိပါတယ်
သူတို့အရွယ်တုန်းကရိပေါ်လည်း ဒီလိုပါပဲ

ဒါနဲ့ မြင်ကွင်းထဲဝင်လာတဲ့ တစ်ယောက်ယောက်က
ရိပေါ်ကိုအတော်လေးစိတ်လှုပ်ရှားသွားစေတယ်

မျက်ဝန်းညိုညို မျက်ခုံးနက်နက် နှာတံစင်းစင်းနဲ့
လှတယ် တစ်ကယ်ကိုလှတာ
ဆံပင်သာမရှည်ခဲ့ရင် ပြီးတော့ မိန်းကလေးသာမဟုတ်ခဲ့ရင်
သေချာပေါက်ဒီတစ်ယောက်ကို
ရိပေါ်သိခဲ့ဖူးတဲ့တစ်ယောက်ယောက်လို့ထင်မိတော့မယ်

ယောင်ယမ်းပြီး ရှေ့ကကော်ဖီခွက်ကို ကောက်မော့လိုက်မိတယ်
ဘုရားရေ ခါးလိုက်တာ ရိပေါ် မကြိုက်ဆုံးက ကော်ဖီပဲ

ရေသိပ်ဆာတာပဲ ရာသီဥတုက သိပ်ပူတယ်

တစ်ဆိတ် မိုးရွာနေတာမဟုတ်ဘူးလား !

' ရိပေါ် အဲ ဝမ် ရိ ပေါ်? '

အဲ့ဒီ ဖြူဖြူသေးသေး လေးက ရိပေါ် ကိုသိနေပြီးသားထင်ပါရဲ့ ရိပေါ်ရဲ့ မျက်နှာချင်းဆိုင်မှာလာထိုင်ရင်း တအံ့ တဘြ နဲ့

ဒီကလေးမက ရိပေါ်သိတဲ့တစ်ယောက်နဲ့တူသလိုထင်ရပေမဲ့
အနီးကပ်ကြည့်တဲ့အခါ သိပ်ကိုကွဲပြားတယ်
သူမနှုတ်ခမ်းတွေက တစ်ယောက်ယောက်လိုပါးလှစ်နေတာမျိုး မဟုတ်ဘူး
သူမမျက်လုံးအိမ်ဟာလည်း တစ်ယောက်ယောက်လို ရှည်လျား လှပနေတာမျိုးလည်းမဟုတ်ဘူး

You've reached the end of published parts.

⏰ Last updated: Apr 08, 2020 ⏰

Add this story to your Library to get notified about new parts!

One Shots For YouWhere stories live. Discover now