"အကိုလေးရေ အကိုလေး ကယ်ပါဦး"
ရှောင်းကျန့်ကကြော်လက်စ ကြက်ဥ ကြော်အိုးကိုပိတ်ပြီး ရေးရေးလေးပြုံးတယ်
တစ်ယောက်ယောက်တော့ဒဏ်ရာရလာပြန်ပြီထင်ပါတယ် ...။" ဆေးပေးခန်းထဲမှာစောင့်နေပေး ကျွန်တော်လာခဲ့မယ် "
မီးဖိုချောင်အဝ မှာရပ်နေတဲ့ လူက ရှောင်းကျန့်ကို တစ်ခုခုပြောချင်နေတဲ့ပုံစံနဲ့ရပ်နေတယ်
"ဘာလို့လဲ ဒဏ်ရာကကြီးလို့လား?"
ထိုလူကချွေးသီးချွေးပေါက် များကျနေပြီး အတော်လေးထိတ်လန့်နေတဲ့ပုံစံနဲ့
"ကြီးတယ် ပြီးတော့ ဒဏ်ရာရတာက တခြားလူမဟုတ်ဘူး!"
မရဲတရဲနဲ့စကားဆက်မပြောတဲ့ထိုလူကိုရှောင်းကျန့်စိတ်မရှည်ချင်တော့
"ဘယ်သူမို့လို့လဲ "
"ဟို ဟိုလေ အကိုလေးရိပေါ် "
ရှောင်းကျန့် တစ်ကိုယ်လုံးတောင့်တင်းအေးစက်သွားရတယ်
လက်သုတ်ဝတ်ကို လွှင့်ပစ်ပြီး အိမ်ရှေ့ခန်းကိုပြေး ထွက်သွားတော့
သွေးအလိမ်းလိမ်းနဲ့သတိလစ်နေတဲ့ ကောင်လေးတစ်ယောက်ရှိနေတယ်"အခန်းထဲကကုတင်ပေါ် အခုခေါ်ခဲ့ "
"ဟုတ်ကဲ့အကိုလေး "
"ရေနွေးယူခဲ့ ဆေးသေတ္တာရော မြန်မြန် "
ဝမ်းဗိုက်နဲ့ကျောဘက်မှာ ဓား ဒဏ်ရာတွေအပြည့်
ရှောင်းကျန့်က ဝမ်ရိပေါ်ကိုဆေးကျောသန့်စင်ပေးပြီး ကွဲပြဲဒဏ်ရာတို့ကိုဆေးထည့် ပေးတယ်ရိပေါ်ပါးပေါ်က အစင်းလိုက်ဖြစ်နေတဲ့ ဓားဒဏ်ရာဟာ ရှောင်းကျန့်နှလုံးသားကိုအစိမ်းလိုက်ခွဲနေတာပဲ
ဒဏ်ရာတွေဆေးထည့်တော့ မည်မျှတောင်နာနေသည်မသိ သတိလစ်နေ လျက်နဲ့တောင် နာလွန်းလို့တွန့်လိမ်နေတဲ့အထိဖြစ်နေတဲ့ရိပေါ်ကိုကြည့်ပြီး
ရှောင်းကျန့်သက်ပြင်းချတယ်