Pls scroll down for unicode version
(ZG version)
ပေကျင်းရဲ့ ည၇နာရီအချိန် ဟာ ခါတိုင်းနှင့်မတူလေထုက အေးစိမ့်နေပြီး ကောင်းကင် ကလည်းကြယ်တစ်လုံး တောင်ရှိမနေပဲ အုံ့မှိုင်းနေပြီး အမည်းရောင်မိုးသား တို့ က တစ်လိပ်လိပ်တက်လာနေကြတယ်
ပေကျင်းတစ်နေရာက အခန်းငယ်လေးထဲမှာ ပြတင်းလိုက်ကာစလေးများကတဖြတ်ဖြတ်လွင့် နေပြီး တစ်ချက်ချက် ဝင်းခနဲလက်ခနဲ တိုးဝင်နေတဲ့လျှပ်စီးကြောင်းများ ကြောင့် အခန်းထောင့်က လတ်စမသတ်သေးပုံပေါ်တဲ့ ပန်းချီကားလေး ဟာလည်းတစ်လက်လက်နဲ့
"အချိန်အခါမဟုတ်မိုးတွေရွာပြန်ပြီ "
ရှောင်းကျန့်သက်ပြင်းတိုးလေးချပြီး ပြတင်းတံခါးတွေလိုက်ပိတ်ပြီးနောက် စီးကရက်တစ်လိပ် ပါးစပ်ထဲထည့်ကာ မီးညှိပြီး ကုတင်ပေါ်ထိုင်ကာ အခန်းထောင့်ကမပြီးပြတ်သေးတဲ့ ပန်းချီကားလေးကို ငေးကြည့်ကာ မျက်ဝန်းတို့က မှုန်မှိုင်းလို့နေတယ်
"အဲ့နေ့ညကလည်းအချိန်အခါမဟုတ်မိုးတွေရွာတယ်နော်"
ပန်းချီကားလေးကတော့စကားမပြောပါ...။
ရှောင်းကျန့်ဆေးလိပ်ငွေ့လေးများကို ဖွာထုတ်လိုက်ပြီးနောက်
"လွမ်းတယ် "
အညိုရောင်မျက်ဝန်းတို့အရည်လဲ့နေကြပြီး ပါးပြင်ဟာ စိုစွတ်လို့နေတယ်
ပေကျင်းရဲ့လမ်းကြားတွေမှာ ပျော်ရွှင်စွာလမ်းလျှောက်နေ တတ်တဲ့ကောင်လေး နှစ်ယောက်ရဲ့ ပုံရိပ်တွေဟာ အမြင်အာရုံမှာထင်ဟပ်လာတယ်
ကျောင်းဝတ်စုံနဲ့အထက်တန်းကျောင်းသားလေးဟာ လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲထည့်ပြီး ကျောပိုးအိတ်ကိုပုခုံးတစ်ဖက်မှာလွယ်ကာ သူ့ဘေးမှာအမြဲ တစ်တွဲတွဲပါလာတတ်တယ်