Part 1

5.7K 102 1
                                    

မနက် ၅:၃၀ ရှိပြီဖြစ်၏။ကျောင်းစတက်ရမယ့်နေ့လည်းဖြစ်သည်။ထိုအချိန်တစ်ယောက်တည်းမြောက်ကြွမြောက်ကြွဖြစ်နေသည်မှာ မေသုတနိုင် ပင်။မနက် ၅:၃၀ ကတည်းကထပြီး ကျောင်းသွားဖို့ပြင်ဆင်နေတဲ့ မေသုတနိုင်အား အမေဖြစ်သူမှာ သူ့သမီးမှဟုတ်ရဲ့လား ဟုမျက်လုံးပြူးပြီးကြည့်နေလေသည်။

မနက်၆နာရီထိုးပြီးမထနိုင်သူမှာက ဖြိုးသုတနိုင်ပင်။မေသုတနိုင်မှာကျောင်းသွားချင်နေသည်မှာ ဖင်တကြွကြွ။ဖင်မကြွပဲ ဖင်နဲ့ကုတင်နဲ့ကပ်နေသည့် အကိုဖြစ်သူအား မေသုတနိုင် ညှင်သာစွာ ကုတင်ပေါ်မှကန်ချလေ၏။

"အား!!အောင်မလေးဗျ..သေပါပြီ"

ဆိုပြီး ဖြိုးသုတနိုင် သူ့တင်ပါးကိုလက်နဲ့ပွတ်ကာ အော်လေသည်။မေသုတနိုင်က

"မြန်မြန်လုပ်ပါဟ..နောက်ကျနေပြီ"

"အေးပါဟ..နင်ကလည်း"

အကိုဟုဆိုသော်လည်း အသက်မှာ ၁နှစ်သာကွာသည်မို့ နင်နဲ့ငါ သာသုံး၏။အမေရော အဖေပါ ဆုံးမသည်လည်းမရ။ထိုမျောက်လောင်း မောင်နှမအားထိန်းမနိုင်၍ လွှတ်ထားတော့လေသည်။တော်သေးသည်က သူတို့မိသားစုမှာ ခေတ်ဆန်သည်။အယူသည်းမှုလည်းမရှိ LGBTကိုမSupportရင်တောင် လက်ခံပေးသည်။

ဖြိုးသုတနိုင် နှင့် မေသုတနိုင်တို့နှစ်ယောက်ပြင်ဆင်ပြီးချိန်မှတော့ အဖေက

"သားနဲ့သမီး အဖေဒီနေ့တော့ မအားလို့လိုက်မပို့နိုင်ဘူး။လမ်းလျှောက်သွားလို့အဆင်ပြေတယ်မလား"

အိမ်နဲ့ကျောင်းမှာအလှမ်းသိပ်မကွာလှသောကြောင့်နှစ်ယောက်လုံးခေါင်းငြိမ့်က ကျောင်းသို့ ခြေလျင်သွားလေ၏။လမ်းလျှောက်နေစဉ်....

"ဘုတ်"

"အား!"

မေသုတနိုင် ကောင်မလေး တစ်ယောက်ကိုဝင်တိုက်မိသည်။ထိုကောင်မလေးရော သူပါ နှစ်ယောက်သားမြေပြင်သို့ ဖင်နဲ့ကျလေ၏။အကိုဖြစ်သူမှာကူညီမည့်အစား....

"ဟားဟား...ငါ့ကိုကုတင်ပေါ်ကကန်လို့ဝဋ်လည်တာ မှတ်ပြီလား ဟားဟား"

ဆိုပြီးရယ်နေလေသည်။ထိုကောင်မလေးမှာတော့ ခေါင်းငုံ့ကာ တစ်ခုခုကိုအသည်းအသန်လိုက်ရှာနေသည်။မေသုတနိုင်မတ်တပ်ရပ်လိုက်ပြီး ထိုကောင်မလေးကို လက်ကမ်းပေးသည်။ကောင်မလေးက သူ့လက်ကိုဆွဲပီးထလိုက်သည်။ခေါင်းတော့ငုံ့နေဆဲ။

"Sorryနော်..မမြင်လိုက်လို့"

"ဟုတ်...ရ...ရပါတယ်"

"ခုနက တစ်ခုခုပျောက်လို့လား"

"ဟို..မျက်..မျက်မှန်"

မေသုတနိုင်ကမျက်မှန်ကိုဟိုကြည့်ဒီကြည့်နဲ့ရှာလေသည်။တွေ့ပါပြီ မျက်မှန်ကိုင်းအကြည်လေးနဲ့။မျက်မှန်ကိုကောက်ပြီးကြည့်တော့ ကံကောင်းစွာ ဘာမှမဖြစ်။မျက်မှန်အား ထိုကောင်မလေးအားပေးလိုက်တော့ မျက်မှန်လေးတပ်ပြီးမော့ကြည့်လာသည်။

"ကျေး...ကျေးဇူးပါ"

မိန်းကလေးချင်းပေမဲ့ ထိုကောင်မလေးက သူ့ထက်ပိုပုသည်။သူ့အား မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မော့ကြည့်လာသည် ကောင်မလေးအား မှင်သက်စွာ ငေးနေမိသည်။ကြည့်နေတာကြာတော့ ထိုကောင်မလေး စိတ်မရှည်တော့သည်ထင် မျက်မှောင်လေးကျုံ့ပြီး....

"ကျေးဇူးတင်တယ်လို့"

ထိုအခါမှ မေသုတနိုင် သတိဝင်လာပြီး စကားတွေပင်ထစ်ကုန်သည်။

"ဟမ်..သြော်..အ.အင်း ရ.ရပါတယ်"

အကိုဖြစ်သူမှာတော့ သူတို့နှစ်ယောက်ကိုကြည့်ပြီး အမြင်လည်းကပ် Shipလည်းShip၏။

ထိုကောင်မလေးလည်း ချိုသာစွာ ပြုံးပြပြီးလှည့်ထွက်သွားသည်။မေသုတနိုင် သတိလွတ်သွားပြန်ပြီး အကြောင်းမရှိ လမ်းမကြီးကိုသာငေးနေသည်။အကိုဖြစ်သူက...

"ကဲ ညီမလေး လမ်းမကိုCrushနေတာလား..ပြောပေးရမလား"

ဆိုပြီး စလိုက်လေသည်။မေသုတနိုင်မှာတော့ အကိုဖြစ်သူအား မကျေမနပ်လိုက်ဖမ်းလေသည်။

ထိုကောင်မလေးနှစ်ယောက်သည် နောင်အခါအရင်းနှီးဆုံးသူတွေဖြစ်လာမယ်ဆိုတာ ဘယ်သူက သိနိုင်မှာတဲ့လဲ

~~~~~~~~~~~~~~~~~~~~~~
ခုတော့ ဒီလောက်ပါပဲလို့😁အရေးအသားမကောင်းရင် တောင်းပန်ပါတယ်။

~♥~♥~♥~♥~♥~♥~♥~

ကျွန်မချစ်တဲ့Straightကောင်မလေးWhere stories live. Discover now