Part 3

1.9K 76 14
                                    

ခြူးသစ္စာPov

ကျောင်းဆင်းချိန်ဖြစ်သည်။ခြူးသစ္စာနဲ့နှိုင်းဝသုန်လင်းတို့ဟာမောင်နှမတွေဖြစ်ပြီး ချမ်းလည်းချမ်းသာသည်။ယခုတော့ ကျောင်းနဲ့အိမ်က နီးသည်ဖြစ်၍ အသွားရောအပြန်ရော လမ်းလျှောက်ရလေသည်။ခြူးသစ္စာတို့ရဲ့ မိသားစုက အရမ်းစည်းကမ်းကြီးပြီး ရှေးရိုးစွဲမိသားစုလိုဖြစ်နေသည်။ည ၈ နာရီဆိုတာနဲ့ ဘယ်မိသားစုဝင်မဆို အိမ်ရောက်နေရမည်ဖြစ်သည်။ည ၁၀ နာရီခွဲ ဆိုတာနဲ့ မိသားစုဝင် အကုန်အိပ်ကြပြီဖြစ်သည်။အကုန်လုံးကစည်းကမ်းလိုက်နာကြသော်လည်း တစ်ယောက်တည်း ကွက်ပြီးစည်းကမ်းဖောက်သူမှာ နှိုင်းဝသုန်လင်းပင်။

နှိုင်းဝသုန်လင်းက မိသားစုထဲမှာ အဆိုးဆုံးဖြစ်သည်။ဆိုးသည်ဟုပြောရပေမဲ့လည်း စည်းကမ်းဖောက်တာနှင့် သချာင်္မတော်တာလေးကလွဲလို့ ဆေးလိပ်မသောက် အရက်မသောက် ကွမ်းလည်းမစားပေ။ယခုထိလည်းရည်းစားမရှိသေး။

(A/N:တခြား၆တန်းကလေးတွေဆို ရည်းစားတေရှိနေပီ🙃😆)

ခြူးသစ္စာမှာ စာလည်းတော်သည်။အေးလည်းအေးသည်။ရုပ်ရည်ကလည်း မချောပေမဲ့ ချစ်ဖို့ကောင်းသည်။ထို့ကြောင့် မိဘနှစ်ပါးမှာလည်း စိတ်မချပေ။သမီးတင် စိတ်မချသည် မဟုတ်။သားကိုရောပင်။နှိုင်းဝသုန်လင်းသည် ယောကျာ်းလေး ဖြစ်သော်လည်း မိန်းကလေးများ အရှုံးပေးရလောက်သည်ထိ ချစ်ဖို့ကောင်းလှသည်။

ယခုတော့ ည ၈နာရီကျော်နေသွားပြီဖြစ်သည်။နှိုင်းဝသုန်တစ်ယောက် လမ်းမှာ
သူ့သူငယ်ချင်းတစ်သိုက်နဲ့ တွေ့သည်ရော..ဟိုဟာစားချင် ဒီဟာဝယ်ချင် ပူဆာနေသောကြောင့်ပင်ဖြစ်သည်။

အိမ်ရောက်တော့ ည ၈နာရီခွဲပြီးဖြစ်သည်။ခြူးသစ္စာနဲ့နှိုင်းဝသုန် အိမ်ထဲကို သူခိုး လို ခိုးကြောင်ခိုးဝှက် ဝင်လာလေသည်။

"အဟမ်း"

အဖေရဲ့ချောင်းဟန့်သံကြောင့် မောင်နှမ နှစ်ယောက်လုံး ကိုယ်လေး တုန်သွားသည်။နှိုင်းဝသုန်ကခြူးသစ္စာလက်ကိုမသိမသာတို့လိုက်တော့...

"Aww အဖေ"

"အခုဘယ်အချိန်ရှိပြီလဲ သိတယ်မလား"

ကျွန်မချစ်တဲ့Straightကောင်မလေးWhere stories live. Discover now