Part 2

1.6K 63 0
                                    

မေသုတနိုင်Pov

စာသင်နေတာကြာပြီဖြစ်သည်။အချိန်တွေကြာနေသော်လည်း ပထမအချိန် ၂ချိန်သာပြီးသေး၏။သချာင်္ချိန်ဖြစ်၍ မေသုတနိုင် ခေါင်းကစားပွဲထဲနစ်ဝင်တော့မည့်အလား အိပ်ငိုက်နေလေသည်။ထိုအချိန် အခန်းထဲသို့ လူတစ်ယောက် ဝင်လာပြီး သူ၏ စကားသံကြားသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့....

ထိုမျက်မှန်အကြည်ပိုင်ရှင်လေး...
ထိုမျက်လုံးဝိုင်းဝိုင်းလေးတွေရဲ့ပိုင်ရှင်လေး....
ရွှေအိုရောင်သန်းနေတဲ့ဆံပင်ရဲ့ပိုင်ရှင်လေး.....

မေသုတနိုင် အိပ်ချင်စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကာ ထိုကောင်မလေးအား ဝါးစားတော့မည့်အလား စိုက်ကြည့်နေသည်။သို့သော် သူမ ပြောသွားသည်ကိုဘာတစ်ခွန်းမှမကြား။ထိုကောင်မလေးထွက်သွားတော့မှ...

"ဟဲ့..ဇာခြည်"

"ဟေ"

"သူ..ဘာပြောသွားတာလဲဟင်"

မေသုတနိုင်ခေါင်းကုတ်ကာ စပ်ဖြီးဖြီးမေးလိုက်တော့ ဇာခြည် တစ်ယောက် မျက်မှောင်ကြုံ့ကာ...

"နင်သေချာနားထောင်နေတာမဟုတ်ဘူးလား...ခြူးသစ္စာကို စိုက်ကြည့်နေတာ စားတော့မဲ့အတိုင်းပဲ"

မေသုတနိုင် မျက်နှာပန်းရောင်သန်းသွားလေသည်။သို့သော်..ထိုနာမည်...ခြူးသစ္စာ ဆိုတဲ့နာမည်...ထိုကောင်မလေးရဲ့ နာမည်လား...

"ခြူးသစ္စာ?"

"အေးလေ...ခုနကကောင်မလေးလေ"

"Aww"

မေသုတနိုင်ပြုံးသွားသည်။ခြူးသစ္စာ...ခြူးသစ္စာတဲ့လား....

ဇာခြည်မှာတော့ မေသုတနိုင်အားနားမလည်သလိုကြည့်ပြီး ခေါင်းသာကုတ်နေလိုက်တော့သည်။
............................................
မုန့်စားဆင်းချိန်ဖြစ်၍ ဖြိုးသုတနိုင် နှင့် မေသုတနိုင် မောင်နှမ နှစ်ယယောက် Canteen မှာ မုန့်စားနေလေသည်။ဖြိုးသုတနိုင်မှာ စားလို့ကုန်ခါနီးပြီး နောက်တစ်ပွဲတောင်မှာတော့မည်။မေသုတနိင်မှာတော့ တစ်လုတ် နှစ်လုတ်သာစားရသေးသည်။အကြောင်းမှာ ထိုကောင်မလေး ဘာပြောသွားလဲ စဉ်းစားနေခြင်းပင်...

ကျွန်မချစ်တဲ့Straightကောင်မလေးWhere stories live. Discover now