Part(3)

324 44 0
                                    

**Unicode**

"အာ~ ကျွတ် ကျွတ် ခေါင်းကိုက်လိုက်တာ"

Sehun မနက်ခင်းနိုးလာတော့ ညကသောက်ထားတဲ့အရှိန်ကြောင့် ခေါင်းတွေထိုးကိုက်နေသည် ။ အရမ်းပြင်းတဲ့အရက်သာမကြိုက်တာ cocktailတို့လိုမျိုးဆို အသဲစွဲ အရမ်းကိုကြိုက်ပေသည် ။ ဘာလောက်ပျော့တဲ့အရက်အမျိုးအစားဖြစ်ပါစေ ၂ခွက်သောက်ပြီးတာပဲ မူးတော့တာ ။ မူးလေသောက်လေ ကြိုက်လေပဲ ။

အနားက Jonginကိုကြည့်တော့ အိပ်မောကျနေစဲ ညကသူရစ်တာများသွားတယ်ထင်ပါ့ ။ အရင်ဆုံး မျက်နှာသစ်ရေချိုးပြီး Jonginကိုနှိုး.. ကမ်းခြေနားက ဈေးထဲမုန့်လျှောက်ပတ်စားရမယ်တွေးရင်း ထသည် ။

ထထိုင်လိုက်သည်နှင့် တင်ပါးရိုးကနာနေသည် ။ ဘာနဲ့ထိခိုက်မိတာပါလိမ့် ။ အို့ မိုင် မားမား!! ငါ့အကျႌကော (ʘдʘ)

ဘေးက Jonginကို ကြည့်လိုက်တော့ အကျႌလက်ပြတ်နဲ့ ။ ညကငါမူးပြီး အန်လို့ အကျႌ ချွတ်လိုက်တာများလား ။ နိုး! မဖြစ်နိုင် အိုဆယ်ဟွန်းက မူးရင် ဘေးကလူးကိုရစ် .. ရစ်လို့ဝတာနဲ့ အိပ်တတ်တဲ့အမျိုး ။

"Jongin Jongin ထစမ်း! "

"ဟမ် အင် ဟင်း"

"ရားး လဓ ထလို့ ဖြန်း!"

"အား! မေမေရေ!"

အော်လည်းအော် လူကလည်းငုတ်တုတ်ထထိုင်မိတဲ့အထိ ။ ဘေးကိုကြည့်မိတော့ Sehunက သူ့ကိုရိုက်လိုက်တဲ့ပုံပဲ ။

"Sehunရာ ဘာတုန်းကွ ငါအိပ်ချင်နေသေးတယ် ညကလည်းအိပ်ရေးပျက်ထားတာကွ!"

"ထစမ်းကွာ မေးစရာရှိတယ် ပြန်မအိပ်နဲ့"

ပြောလည်းပြော ပြန်လှဲအိပ်နေတဲ့သူ့ကိုဆွဲထူရသည် ။

"အေး ပြော ဘာတုန်း"

"ငါ့အကျႌ မင်းချွတ်လိုက်တာလား"

သူ့အမေးကို ခေါင်းငြိမ့်ပြတဲ့Jongin

"မင်း ငါ့ကိုဘာတွေလုပ်သေးလဲ ఠ_ఠ "

"ငါကဘာလုပ်ရမှာတုန်း"

"မသိဘူးဟာ ငါမြီးညောင်ရိုးနာနေတယ် "

"အော် အဲ့တာလား ဟင်းး ဟင်းး ဘာလို့ထင်တုန်း"

အိပ်ချင်မူးတူးဖြစ်နေတဲ့သူနဲ့ မျက်နှာချင်းဆိုင် စကားပြောနေတာမို့ ရုတ်တရက် လူုရုတ်မာအပြုံးကြီးနဲ့ မျက်နှာနားကပ်လာပြီး ပြောနေသည် ။

My Pettish HusbandWhere stories live. Discover now