**Unicode**"အိစ် ချမ်းလိုက်တာ Jonginရာ"
"ချမ်းမှာပေါ့ Hotelကိုတန်းပြန်မယ်လို့ပြောတာကို ဘယ်သူတုန်း ရေဆင်းဆော့ချင်ပါတယ်လို့ပြောတာ"
အပျော်စီးသငေ်္ဘာပတ်စီးပြီး ညနေ၃နာရီလောက်ပြန်ရောက်လာခဲ့တယ် ။ အဲ့တာကို နားမယ်လို့ပြောတာ မနားဘဲ မောင်မင်းကြီးသားက ရေဆင်းဆော့ကြရအောင်တဲ့လေ ။ ဆော့လိုက်တာ ခုညနေစောင်းသွားပြီ ။ မချမ်းဘဲနေပါ့မလား ။
"လာ ရေနွေးနွေးလေးနဲ့ ပြန်ချိုး ။ ပြီးရင်ဆေးတိုက်မယ် ။ နေမကောင်းဖြစ်နေရင် အိမ်ကမေမေက ငါ့ကိုပွမ်တော့မှာ"
Sehunကိုရေနွေးနွေးလေးနဲ့ ပြန်ချိုးခိုင်းပြီး အိပ်ယာပေါ်မှာ စောင်ထူထူနဲ့ပတ်ထားလိုက်သည် ။ ခုနကတည်းက ကိုယ်နဲနဲပူနေတာမို့ အရင်ဆုံးချွေးထွက်အောင်သာနေခိုင်းလိုက်သည် ။ မန်နေဂျာကိုလည်း ဆေးလာပို့ခိုင်းထားသည် ။
"Sehun ခနထအုံး ချွေးထွက်ပြီလား ။ အကျႌလဲရအောင်ထအုံး"
"Jomgin ငါညောင်းတယ် မထချင်ဘူး"
"ဖျားပြီလား"
ဟုတ်သား ။ နဖူးစမ်းကြည့်တော့ တော်တော်လေးကိုပူနေတာပဲ ။ ငယ်ငယ်ကတည်းကမိုးလေးမိရုံနဲ့ ဆေးရုံတက်ရတာမို့ Sehunက အရမ်းကိုကျန်းမာရေးချူချာတယ် ။
"အင်း~~ ဖျားနေပြီ Sehun မနက်ဖြန် ပြန်ရမယ် ။ ခုတော့ ဆေးသောက်ထားလိုက်အုံး ဆရာဝန်ခေါ်ဖို့ ငါပြောလိုက်အုံးမယ် "
"ဆေးခါးတယ် Jongin"
ဆေးတွေအကုန်လုံးကိုဝါးစားလိုက်ပြီး ရောနဲ့မျောချလိုက်တဲ့ Sehunက ဆေးမကြောက်တတ် ။ အခါးကိုပဲကြောက်တာ :"/
" သိတယ် သိတယ် ရော့! စုပ်လုံး ။ တစ်ခါတည်းပြင်ထားတာ"
"ဟဲဟဲ ကောင်းတယ် ကောင်းတယ် Jongin..."
"ဘာလဲ Jongin is the bestပဲပြောတော့မှာမို့လား ။ အဲ့စကားနဲ့ပဲလုပ်စားနေသိလား "
Sehunရဲ့ စကားများတွေ လေထဲမှာတင်ပျောက်ဆုံးကာ အပြီးသတ်အောင်ပင်မပြောလိုက်ရ ။
"အောင်မယ် အကောင်းနဲ့လည်းချီးကျုးရသေးတယ် ။ လူကိုပြောဖို့လောက်ပဲ စဉ်းစားမနေနဲ့"
YOU ARE READING
My Pettish Husband
Fanfictionရာခိုင်နှုန်းပြည့်ပျော်ရွှင်မှုတွေချည်းသာ~~♥ {Zawgyi & Unicode }