Part(1)

930 55 7
                                    

**Unicode**

ကျစ်* ဒီနေ့ပင်လယ်ဘက်သွားမယ် ဆိုပြီး ငါ့ကိုအစောကြီးနိုးတဲ့ အစုတ်ပလုတ်ကောင်ကတော့လေ နှိုးပြီးပြန်အိပ်တယ် ။ ခုထိမထသေးဘူးထင်တယ် ။

အိပ်ခန်းထဲဝင်ကြည့်တော့ ထင်တဲ့အတိုင်းပင် အိပ်နေလိုက်တာများ ပိုးလို့ပက်လက်ကြီး..ခေါင်းကြီးကလည်းစောင်းလို့ ။ ဒီကောင်နဲ့တော့ ဇက်နာတော့မှာပဲ ။ ကုတင်ပေါ်ကိုသွားပြီး ခေါင်းအုံးပေါ်ပြန်တင်ပေးလိုက်ကာ နိုးလာမလား နိုးလားမလားနဲ့ စောင့်နေလိုက်သည် ။ အတော်ကြာ နာရီကြည့်လိုက်တော့ သွားဖို့အချိန် တော်တော်နောက်ကျနေသည်ဖြစ်သည် ။ မနိုးလို့ပေ မရတော့ ။ အိပ်ရေးမဝလို့ဂျီးကျကာမှချော့တော့မည်လို့သာတွေ့ကာ နှိုးရတော့သည် ။

"ဟေး Sehunရာ ဟျောင့် ထတော့ ပြောတော့ ပင်လယ်သွားမယ်ဆို "

ပခုံးကနေ လှုပ်ကာ နိုးရသည် ။ ကိုယ်ကလည်းနူးနူးညံ့ညံ့မနိုးတက်တော့ ခက်ချေ ။

ထိုခါမှတအင်းအင်း တအဲအဲနဲ့ အညောင်းကြောဆန့်ကာ နိုးလာသည် ။ အယ်မယ် ဟိုကြည့်ဒီကြည့်လှုပ်နေတာ ခုထိဒီကကုတင်ပေါ်ထိုင်နေတဲ့လူကြီးကိုမတွေ့သေး ။

" ရားးး! Kim Jongin ဘာလို့နိုးတာတုန်း "

အော် သူကျွန်တော့်ကိုတွေ့သားပဲ ။ ဘာတဲ့ ဘာလို့နှိုးတာတုန်း ဟုတ်လား မေးတတ်လေခြင်း ။ ပင်လယ်ကိုသွားမယ်လို့ပြောပြီး အစောကြီးဒီလူကိုနှိုးတာ ဘယ်ကကောင်လေးပါလိမ့် :") ကျွန်တော့်ကို ယောင်တောင်တောင် မေ့ချင်နေတဲ့ကောင်လေးကို မျက်မှောင်ကျုံ့ကာ ကြည့်ပေးလိုက်သည် ။

"အော် Jongin အဟဲ ဆော်တီး မေ့သွားလို့ ပင်လယ်ကိုသွားရမှာနော့ "

"ဟုတ်လား"

"မဟုတ်လို့လား "

သူဘယ်လိုပြောပြော မျက်နှာကျုံ့နေတဲ့ ဒီဘိုးတော် ကိုဘယ်လိုပြောရပါ့ ။ ညတုန်းပင်လယ်သွားဖို့နှစ်ယောက်သားတိုင်ပင်ခဲ့ကြတယ်.။ အဲ့ကြောင့်မလို့ပဲဒင်းကို တက်တက်ကြွကြွနဲ့ အစောကြီးနှိုးပေးတာကို ။ သူရေချိုးခန်းဝင်နေတုန်း မဆိုးသလောက်လေး မှေးခနဲ အိပ်ပျော်သွားမိတာကိုမျက်မှောင်ကျုံ့ထားစရာကြီးလိုလို့လား.. နေပေါ့ ။

My Pettish HusbandWhere stories live. Discover now