**Zawgyi**
Sehunရဲ့အစ်ကိုငယ် Wu YiFanဆိုသူက Wu မိသားစုရဲ့ သားအလတ်ပင်ဖြစ်သည် ။ သားအကြီးဆိုသူက Wu မိသားစု "W" groupရဲ့ ဒုဥက္ကဌ Wu Krisဖြစ်သည် ။
Sehunရဲ့ အမည်အရင်းက Wu ShiXun ။ Oh Sehunဆိုသည်က ShiXunရဲ့ကိုရီးယားနာမည်တစ်ခုသာ ။
Wu Kris နဲ့ Wu YiFanက ငယ်ငယ်ကတည်းက Canadaမှာသာပညာသင်ခဲ့တာမို့ ဘွဲ့ရတဲ့အခါ တရုတ်မှာရှိတဲ့လုပ်ငန်းတွေကိုဦးစီးခိုင်းခဲ့သည် ။
အခု သူတို့မားမားWu ရဲ့ Birthday partyအတွက်ကိုရီးယားကိုလာကြခြင်းပင် ။
-My Pettish Husband-
အပြန်ခရီးမှာတော့ မနေ့ညကလောက်Sehunကိုယ်မပူတော့ ။ သက်သာသွားလို့တော်ပါသေးတယ် ။အလာတုန်းကစီစဉ်ခဲ့သည့် Busanက Sehunရဲ့အဘွားအိမ်တောင် ဝင်မယ်ဆိုတဲ့အစီအစဉ်လည်းမရှိတော့ပေ။
"မားမားရေ ! မေမေရေ!"
Sehunတို့ကတော့ ခြံထဲကားရပ်သည်နှင့် အိမ်ထဲအပြေးဝင်သွားသည် ။
"ဟော သားတို့ပြန်လာကြပြီလား ။ ဘယ်လိုပျော်ခဲ့ကြရဲ့လား"
ဧည့်ခန်းမှာ တီဗီကြည့်နေကြသည့် မေမေနှစ်ယောက်ကြားဝင်ထိုင်ပြီးဖက်ကာ ချွဲနေတဲ့ Sehunကတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ပဲ ။
"Jongin ငါ့သားလေးကိုဂရုစိုက်ရဲ့လား ။ စောစောပြန်လာကြတာဘာလို့လဲ ပြောတော့သုံးရက်နေမယ်ဆို"
"မေမေ့ သားကမေမေ့သားပါနော် ဘယ်နှယ့်သားချင်းမှားနေရတယ်လို့ ။ နောက်ပြီး စောပြန်လာတာက Sehunဖျားခဲ့လို့ပါ ။ ဟိုးး နေဦး နေပါဦး သားစကားဆုံးအောင်နားထောင်အုံးနော်"
Sehun ဖျားခဲ့တယ် လို့ပဲ ပြောရုံရှိသေးတယ် စိုးရိမ်နေတဲ့မားမားမျက်နှာနဲ့ သူ့ကိုဆူတော့မယ့် မေမေ့ကို အချိန်မှီလှမ်းတားရသေးသည် ။
"Sehunအခု အဖျားသက်သာသွားပါပြီ မေမေတို့ရဲ့ ။ အရမ်းမစိုးရိမ်ပါနဲ့ "
"မားမား~~"
အစ်ကိုYiFanရောက်လာပြီးနဲ့တူသည် ။
အစ်ကိုYiFanက ကားသက်သက်တစ်စီးနဲ့လာသည်မို့ ရောက်တဲ့အချိန်မတူပေ ။ ခုမှရောက်လာသည် ။"ဟင် သား FanFan "
မားမားနဲ့ ကိုငယ်က မတွေ့ရတာ ၁နှစ်နီးပါးလာက်ရှိပြီမို့ ခုချိန် ပြန်လာမယ် မထင်ထားတဲ့ မားမားကတော့ မျက်ရည်တွေဝဲတက်နေသည် ။
YOU ARE READING
My Pettish Husband
Fanfictionရာခိုင်နှုန်းပြည့်ပျော်ရွှင်မှုတွေချည်းသာ~~♥ {Zawgyi & Unicode }