Hollowen Special

1.3K 112 15
                                    

ပိတ်ရက်ဖြစ်တာကြောင့် သူ Geအိမ်မှာ သောင်တင်နေသည်။ အိမ်ပြန်လျှင် ရပေမယ့် အချိန်ပိုင်းသင်တန်းတစ်ခုကြောင့် သူ မပြန်ဖြစ်။

မိုးလင်းသည်နှင့် အလုပ်သွားပြီး ဉာည့်နက်မှသာ ပြန်လာတတ်သည့် Geကြောင့် သူ့အိမ်မှာသာ နေနေပေမယ့် မျက်နှာချင်းဆိုင် တွေ့ဖြစ်သည်ဟူ၍ မရှိ။

တချိန်လုံး Laptop နဲ့မျက်နှာမခွာဘဲ ဂိမ်းဆော့နေသည့် သူ့အား 'နောက်ကျတဲ့အထိ မနေနဲ့' တစ်ခွန်းသာပြောပြီး တန်းအိပ်သွားတာချည်းပင်။

ဒီနေ့လည်း ညက ဘယ်အချိန်မှ အိပ်ယာထဲဝင်ခဲ့သည် မမှတ်မိတော့။

အိပ်ယာဘေးမှာတင်ထားတဲ့ နာရီကို ဆွဲယူကြည့်ခိုက်တော့ အချိန်က မွန်းတည့်တော့မည်။

အပြင်ဘက်က ဒီအချိန်ကြီး အသံတွေကြားနေရသည်။

ဒီ...ဒီ

ဖုန်စုပ်စက်သံ?

ခပ်သွက်သွက်တစ်ကိုယ်ရေသန်ရှင်းရေးလုပ်လိုက်ကာ အပြင်ကို ထွက်လာခဲ့လိုက်သည်။

"နိုးလာသေးတယ်နော်"

ဧည့်ခန်းမှာ ချထားသည့် ဆိုဖာပေါ်က ခေါင်းအုံးသေးသေးလေးတွေကို ဖုန်ခါရင်း အိပ်ယာထနောက်ကျသည့်သူ့ကို ထုံးစံအတိုင်း အပြစ်ပြောတော့သည်။

"ဟာ...Geကလည်း ဒါ ပုံမှန်ပါပဲ"

ကျောင်းပိတ်ရက်ဆိုလျှင် အခု ထသည့် အချိန်က ပုံမှန်ပင်။ တစ်ခါတစ်လေ သည့်ထက်နောက်ကျသည့်ရက်တွေက ရှိသေး။

"နေ့လည်စာပြင်ထားတယ် သွားစားတော့"

ပွစိပွစိနဲ့ ပြောနေပေမယ့် သူ့အပေါ်မှာတော့...

"ဒါနဲ့ အပြင်သွားစရာရှိသေးလား"

"မရှိဘူး ဘာလို့လဲ"

ထမင်းစားခန်းထဲ ဝင်လာရင်း ရေတစ်ခွက်ငှဲ့ကာ သူ့အနားချပေးပြီးမှ

"ဒါဆို Geနဲ့ ဈေးဝယ်လိုက်ခဲ့ပေး တစ်ပတ်စာ စားစရာတွေ ကုန်သွားပြီလေ"

"အင်း..အင်း"

စောင့်ရသည့်အလုပ်ကို သူ ကိုယ်တိုင်လည်း မနှစ်သက်။ သူတစ်ပါးကိုလည်း မလုပ်စေချင်တာကြောင့် ထမင်းစားချင်းအမှုကို ခပ်မြန်မြန် အပြီးသတ်လိုက်သည်။

AdieuOù les histoires vivent. Découvrez maintenant