Warning
962 31 1
နောက် ဇာတ်သိမ်း။
#Unicode
ပထမဆုံး ပြောချင်တာကလေ အခုချိန်အထိ ကိုယ့်စာတွေကို ဖတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ် တကယ်ကိုပါ။
ဒီFic ကို ဖတ်ရင်း နားမလည်ဘူးဆိုတာတွေ ပြန်ကြားရလည်း ကျေးဇူးတင်ပါတယ်။
စရေးကတည်းက နားလည်အောင် မရေးခဲ့တာလည်း ပါပါတယ်။
အမှန်က ဒီထဲမှာပါတဲ့ အကြောင်းအရာတော်တော်များများက အပြင်မှာ ဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေပါ။
အဲ့ဒါကြောင့် လူတိုင်းနားလည်သွားမယ်ဆိုရင် ဘယ်သူတွေဆိုတာ သိကုန်မှာစိုးလို့၊ နောက် ဖြစ်လာမယ့် ပြသနာတွေကို ရှောင်လွှဲချင်လို့ တစ်ပိုင်းနဲ့ တစ်ပိုင်း အဆက်အစပ်မရှိအောင် ရေးခဲ့မိတာပါ။
ကိုယ့်မှာ ဒီFic ထဲကလိုမျိုး ရှောင်းကျန့်လိုမျိုး ဖြစ်တည်မှုမျိုးနဲ့ လူတစ်ယောက်ရှိတယ်။
အဲ့လူအပေါ်မှာထားတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေ။
ဒါပေမယ့် အစကောက်လို့ ရမှာတော့ မဟုတ်တာသေချာပါတယ်။
အဲ့ဒါကြောင့် ကိုယ်ရေးတဲ့စာကို နားမလည်လည်း ကျေးဇူးတင်ပါတယ်လို့ ပြောရခြင်းပါ။
နောက် ဇာတ်သိမ်း။
ခင်ဗျားတို့ထင်သလို HEလို့ တွေးလို့ရပါတယ်။
ကိုယ်လည်း HEဖြစ်စေချင်ပါတယ်။
ပြီးတော့ ရိပေါ်က ရှောင်းကျန့်ကို ချစ်လား?
မချစ်ဘူးလား? ဆိုတဲ့ ကိစ္စပါ။
ဒီFicတစ်ခုလုံးမှာ ချစ်တယ်ဆိုတဲ့ စကား လုံးဝ မသုံးခဲ့တာကို သတိထားမိပါလိမ့်မယ်။
ဟုတ်ပါတယ်။ အကယ်၍သာ ဇာတ်သိမ်းကို HEလို့ ခင်ဗျားတို့ တွေးလိုက်ရင် သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတယ်ဆိုတာမျိုး လက်ခံနိုင်ပါလိမ့်မယ်။
ဒါဆို အပြင်က ကိုယ်တို့ကရော?
ကိုယ်ကိုယ်တိုင်လည်း မသိသေးတဲ့ ကိစ္စတစ်ခုပါ။
အဲ့ဒီ့လူက ကိုယ့်အတွက် အရေးပါတဲ့ ဖြစ်တည်မှုဆိုပေမယ့် ချစ်တယ်လို့ ခံစားရတဲ့အထိ။
နောက် အဲ့ဒီ့လူဆီကလည်း ကိုယ့်ကို ချစ်တယ်လို့ မခံစားရသေးဘူးရယ်။ သူ့အပြုအမူတွေက ရှောင်းကျန့်လို ဆိုပေမယ့်ပေါ့။
ဆိုတော့....ပြောချင်တာက ဒီficကို ရေးတဲ့သူက လည်နေတာ မဟုတ်ပါဘူး။
တမင် လည်အောင်ရေးထားတာပါ။
အကယ်၍ တစ်စုံတစ်ယောက်ဖတ်မိသွားရင်တောင် ကိုယ်ဆိုလိုတာ သူ ဆိုတာမျိုး မသိအောင်ပါ။
လက်ရှိအခြေအနေကတော့ Untitled ဖြစ်နေပါပြီ။
အဲ့ဒီ့တစ်ယောက်ကြောင့် ခံစားရတဲ့အခါတိုင်း Chapterတွေလိုမျိုးလာရေးနေမှာမို့ အခုကတည်းက Warning ပေးပါတယ်။
လည်အောင်ရေးနေတာမို့ ဝင်မဖတ်တော့ဖို့ပါ။
တခြားဟာတွေလည်း ဆက်ရေးဖို့ကြိုးစားနေပါတယ်။
ဒီဟာကကျ ခံစားချက်ပေါ်လာတိုင်း ရေးချင်နေမိတာမို့ Updateတွေ လာတင်နေရတာပါ။
တခြားသောဟာတွေ Updateနောက်ကျလို့ အားနာရပါတယ်။
AdieuOù les histoires vivent. Découvrez maintenant