Valentine's Day Special

650 40 0
                                    

Unicode

Happy Valen.....

မဟုတ်သေးပါဘူး။

ပြန်ဖျက်။

နောက်တစ်ခါ...

Happy Valentine's...

မဟုတ်သေးပါဘူး။

နောက်တစ်ခါ ထပ် ပြန်ဖျက်။

Happy Valentine's Day Ge...

တော်ပြီ။

ပြန်ဖျက်တာပဲကောင်းတယ်။

ရေးလက်စ Conversation ကို ပြန်ဖျက်ပြီး Back key နဲ့ ပြန်ထွက်နေတုန်း မျက်စိရှေ့ရောက်လာတဲ့ ချောကလက်တောင့် တစ်ခု။

မော့ကြည့်လိုက်တော့ လက်ထဲမှာ ဗူးကြီး ဗူးငယ် တစ်ပွေ့တစ်ပိုက်နဲ့ ယွီပင်း။

ရှေ့က စားပွဲပေါ်ကို စုပုံချရင်း ဘေးမှာ ခြေပစ်လက်ပစ် ထိုင်လေတယ်။

"ဒာတွေက ဘာတွေလဲ"

"မင်းအတွက်တဲ့"

ဖြစ်ရပြန်ကော။ ဒါမျိုးတွေ သူ လက်မခံမှန်း သိရက်နဲ့။

"ငါက ဘာလုပ်ရမှာလဲ ဒါတွေကို "

"စားရတာပေါ့ဟ မင်းကလည်း ပြီးတော့ ဒီလိုနေ့မျိုးဆိုတာက ချစ်တဲ့သူတွေ ခင်တဲ့သူတွေ အချင်းချင်း လက်ဆောင်တွေပေးကြ ချောကလက်တွေ အပြန်အလှန် ကျွေးကြတဲ့ အချိန်လေ"

"ငါမှ စိတ်မဝင်စားတာဟ"

"မင်းအတွက်ဆိုပြီး ပေးလိုက်တာမှန်ပေမယ့် မယူချင်လည်း ငါစားပေးမယ် စိတ်ချလိုက်သားကြီး"

ပြောရင်း ရှေ့ကချထားတဲ့ ခပ်ကြီးကြီး ဗူးတစ်ခုထဲက ချောကလက်ကို အခွံခွာစားဖို့ ပြင်နေပြန်တယ်။

သူ လှည့်ကြည့်တော့ စာအုံးမလားဆိုတဲ့ မျက်နှာပေးနဲ့။

အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်တဲ့ အကွက်တွေ။

ဒီကောင်ကတော့...

ချောကလက်တွေမြင်တော့လည်း တစ်စုံတစ်ယောက်ကို သတိရတာကြောင့်

"မင်းစားတာ တော်သင့်ပြီ မထင်ဘူးလား ယွီပင်း"

နောက်ထပ် ဗူးတစ်ဗူးကို လက်လှမ်းဖို့ ပြင်နေသည့် ယွီပင်းက မျက်လုံးပြူးပြီး ပြန်ကြည့်လာတော့သည်။

AdieuOù les histoires vivent. Découvrez maintenant