ညဘက်တွေလည်း
အိပ်မပျော်ဘဲနေမယ်..
မထချင်ဘဲနေမယ်..
စာလည်းကြိုးစားပါ..
အစစအရာရာ ဂရုစိုက်ပါ..
သူနဲ့လည်း တွေ့ပါစေ.....
အပြင်သွားရင် ထီးယူသွားပါ..
မိုးရွာရင် မိုးမိပြီးအအေးမိလိမ့်မယ်..
နေပူရင်လည်း အပူရှုပ်ပြီးဖျားနေမယ်..
ညဘက်တွေလည်း
ကော်ဖီတွေသိပ်မသောက်နဲ့ကွယ်..
အိပ်မပျော်ဘဲနေမယ်..
ညဉ့်နက်တဲ့အထိ လိုင်းတွေမသုံးနဲ့ကွယ်..
မနက်ကြ အစောကြီးထရတယ်မလား..
မထချင်ဘဲနေမယ်..
အစားကိုလည်း ပုံမှန်စားပါ..
အခုတလောပိန်သွားသလိုဘဲ ခင်ဗျားရယ်..
လမ်းသွားရင်လည်း အောက်ကြည့်သွားပါ..
ခလုတ်တွေဘာတွေတိုက်မိနေမယ်..
လမ်းမှာပျော်ရွှင်နေတဲ့
စုံတွဲတွေတွေ့ရင်လည်း
ကျွန်တော့်ကိုသတိရပေးပေါ့..
စာလည်းကြိုးစားပါ..
ခင်ဗျားကစာတော်ပြီးသားဘဲ..
ဒီထက်ပိုကြိုးစားပေါ့..
အစစအရာရာ ဂရုစိုက်ပါ..
အရင်လို့ခင်ဗျားကိုဂရုစိုက်ပေမဲ့
ကောင်မလေးမရှိတော့ဘူးကွယ်..
ပြီးတော့ ကျွန်တော့်ထက်သာတဲ့
သူနဲ့လည်း တွေ့ပါစေ..
YOU ARE READING
~ လွမ်း ~ (Completed)
Randomခင်ဗျားကိုချစ်တဲ့အကြောင်းတွေ cover Photo from pinterest