The Rebirth Of An Ill-fated Consort
သူမသည် သွေးမျက်ရည်တို့ဖြင့် ငိုကြွေးခဲ့ပြီးနောက် အဆိပ်ရည်ကရားကို မော့သောက်ခဲ့ရသည်။ နတ်ဘုရားများက သူမကို ရှုံးနိမ့်ခွင့်မပေးခဲ့ပေ။ သူမကို လွန်လေခဲ့ပြီးသော အချိန်ကာလဆီသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ ကျင်းမိသားစု၏ တရားဝင်သမီးဖြစ်သော သူမသည် ငရဲမှ ပြန်လာခဲ့လေပြီ။
ဘာပဲဖြစ်ဖြစ် ဒါက ဖြစ်သွားချေပြီ။ သူတို့အားလုံးက သူမကို ပြည်ကိုဖျက်မဲ့ မိန်းမယုတ်လို့ သတ်မှတ်ထားပြီးသားပင်။ ဒီတော့ သူမကလည်း ဒီကမ္ဘာကြီးကို ပြီးပြည့်စုံသည့် ပျက်စီးခြင်းဖြစ်အောင်လို့ သူမ၏ အပြောကောင်း ဖျားယောင်းသွေးဆောင်တတ်သည့် အစ်မ၊ ရက်စက်တတ်သည့် မိထွေး၊ ကြမ်းကြုတ်သည့် ချစ်သူနှင့် နှလုံးသားကင်းမဲ့လှသည့် မိသားစုကနေ စတင်ကာ ဖျက်ဆီးရပေမည်။ ငရဲမင်း၏ ကိုယ်စား သူမကပင် ထိုအသုံးမဝင်လှသည့် အသတ်တွေကို အဆုံးသတ်ပေးလိုက်မည်။
သူမသည် အရင်ဘဝက တုံးအလှသော ပုစွန်တစ်ကောင်သာဖြစ်သည်။ သို့သော်ငြား ဒီဘဝမှာတော့ ကမ္ဘာကြီးက သူမ၏ စစ်တုရင်ကစားကွက်ပင်။ တိုင်းပြည်တစ်ဝှမ်းလုံးတွင် နှစ်သက်ကြည်နူးဖွယ် ဆွဲဆောင်မှုအရှိဆုံးအပြုံးပိုင်ရှင် တောက်ပသော အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် တိုင်းပြည်တို့ကို ပျက်စီးစေခဲ့သည်။ သူမသည် ငရဲမှ ပြန်လာသော အငြိုးကြီးသည့် ဝိညာဉ် ဖြစ်ရကား သူမအပေါ် အမှားလုပ်မိသူတိုင်းကို သွေးဆပ်စေသည်။
"ငါ့အပေါ် အသက်အကြွေးတင်နေတဲ့သူတွေကိုယ်တိုင် သူတို့ရဲ့နှလုံးသားကို ငါ့အရှေ့မှာထုတ်ပစ်တာ လိုချင်တယ်။ ငါ့ရှေ့မှာ ခေါင်းငုံ့ပြီးတော့ လေးစားဖို့ပဲ တတ်နိုင်တာကို လိုချင်တယ်။ အရှင်ကျုံးကျီက ငါ့ကိုမြင်တဲ့အခါ တုန်လှုပ်သွားတာကို မြင်ချင်တယ်။ ကြီးကျယ်ခမ်းနားတဲ့ မြစ်တွေနဲ့ တောင်တန်းတွေအားလုံး ငါ့ခြေဖဝါးအောက် ရောက်နေတာကို လိုချင်တယ်..."
"မင်းက ဖြားယောင်းတတ်တဲ့ မိန်းမယုတ်ဆို ကိုယ်က သူခိုးတစ်ယောက်..."
ထိုသူ့၏ဝတ်ရုံက မဟူရာညပမာ နက်မှောင်နေကာ သူ့ရဲ့အကြည့်က မြောက်အရပ်မှ သောက်ရှုးကြယ်စင်နှယ် အေးစက်လျက်...။
YOU ARE READING
Historical FictionJust a translation. ကိုယ့်ဟာကို ဖတ်ဖို့ tranတာပါ...မစောင့်နိုင်ရင် E tran ရှိပါတယ်ရှင့်...။ Translation Of Rebirth Of An Ill-Fated Consort