Chapter 1 - Cornered Into Silent, Tearful Agony

422 42 0
                                    

Unicode

မှင်နက်ရည်သွေးသော ညနက်နက်တွင် အေးစက်သည့်လေပြင်းက ရုတ်တရက်တိုက်ခတ်လာကာ ပြိုလဲလုလု ခြံဝန်းတံခါးကို စိတ်ပျက်ဖွယ် တကျွိကျွိ အသံမြည်စေကာ ပိုမို ယိုယွင်းလာနေစေ၏။

အသက်ကြီးကြီး အစေခံအနည်းငယ်က အလျင်စလို ခြံဝန်းထဲသို့ ဝင်လာကြသည်။ မြင့်မားသည့်ပုံရိပ်ရှိဟန်တူသော အစိမ်းဝတ် အစေခံက သူမရဲ့ ဝတ်ရုံလက်ကို ယမ်းလိုက်ရင်း အစားအသောက်ထည့်ထားသော ခြင်းကို ကိုင်ကာ အတွင်းဘက်ဆုံးသောအခန်းသို့ ဦးတည်လိုက်၏။

ထူးဆန်းသည့်အနံ့အသက်က ခြံဝန်းတစ်ခုလုံးကို စိမ့်ဝင်ပျံ့နှံ့လျက် ရှိသည်။ သူမနောက်နားမှ ငယ်ရွယ်သော ပိန်သွယ်သွယ် အစေခံက တီးတိုးရေရွတ်ချေ၏။

"အနံ့အသက်က တကယ့်ကို စိတ်မချမ်းသာစရာကြီး...သခင်က ဘာလို့ အဲ့ဒီဟာကို ဒီနေရာမှာ စီစဥ်ပေးပါလိမ့်။ ဒါကတော်တော်လေး ကြောက်ဖို့ကောင်းတယ်"

ထိုနေရာသို့ စကားအရောက်တွင်တော့ သူမက တုန်လှုပ်မှုကို မချုပ်ထိန်းနိုင်တော့လေပဲ အကြီးအကဲအစေခံ၏ နားနားသို့ အတင်းကပ်သွားကာ တီးတိုးဆိုလေ၏။

"ဒါက မဖြစ်နိုင်လောက်...."

"ဝမ် (1) ...စကားကို လျှော့ပြော"

အစိမ်းဝတ်အကြီးအကဲ အစေခံက အနည်းငယ် စိတ်ရှုပ်သွားဟန်ရသည်။

"အနားက တစ်ယောက်ယောက်ကြားသွားရင် နင်ပဲ ဒုက္ခရောက်လိမ့်မယ်"

(1)-ဝမ်မိသားစု၏အစေခံ

ဝမ်က သူမပါးစပ်ကို ကတိုက်ကရိုက် ပိတ်လိုက်လေ၏။

တံခါးဝကို ရောက်သည့်အခါတွင်တော့ ငယ်ရွယ်သည့် မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမလေး တစ်ယောက် ထွက်လာကာ အစားအသောက်ခြင်းကို လက်လွှဲယူလိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်သွား၏။ ခဏအကြာ၌ သူမက ခြင်းအလွတ်ကို ပြန်သယ်လာသည်။ အစိမ်းဝတ်အကြီးအကဲ အစေခံက ခြင်းကို ပြန်ယူလိုက်ရင်းမှ မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမလေးကို ပြောလိုက်၏။

"သခင်က အခန်းထဲက လူကို ခေါ်လာဖို့ တို့ကို အမိန့်ပေးလိုက်တယ်"

အမုန်းဖွဲ့ ရန်ငြိုးနီနီ...အမုန်းဖွဲ့ ရန်ငြိုးနီနီ...Where stories live. Discover now