"Hello"
"ကိုယ် ပြန်ရောက်ပြီ...hun"
အစ်ကို ကျွန်တော့်အိမ်က ပြန်သွားတာ ညနေကတည်းက။ အခု ည ၁၁ နာရီ။
"အခုမှ ရောက်တာလား"
"အဲလိုတော့ မဟုတ်ဘူးပေါ့...တစ်ခါတည်း အလုပ်ဝင်လိုက်တာမို့ နောက်ကျသွားတာ...hun စိတ်ပူမနေဘူးလား လို့"
"အင်း...."
တနေကုန်နီးပါး အတူရှိနေပြီးမှ လွမ်းနေတာပဲ ရှိတာပါ။ ကျွန်တော်က ဝေးနေမှ လွမ်းတတ်တာ မဟုတ်ဘူးရယ်.....
"အလုပ်က ပြန်လာတာဆို မနားဘူးလား...ကျွန်တော့်ကို ပြောစရာ ရှိလို့လား"
"အလုပ်ပြီးတာ ကြာပါပြီ"
ညစာကလည်း ကျွန်တော့်အိမ်မှာပဲ ပေါင်းစားသွားပြီမို့ ဆက်မေးစရာ မရှိတော့။ အစ်ကိုက ဘာလို့ ဖုန်းဆက်တာပါလိမ့်.....
"Hun....အခု ဘာလုပ်နေတာလဲ"
ကျွန်တော် ဘာလုပ်နေတာလဲ ပြန်စဉ်းစားရသည်။ ပြောပြရရင်တော့ အစ်ကို့အကြောင်း တွေးနေတာပါပဲ။ ဘာမှ လုပ်မနေဘူးရယ်....
"ကျွန်တော်လား...ဘာမှတော့ လုပ်မနေပါဘူး....သြော်...ဒီအတိုင်း သီချင်းနားထောင်နေတာ"
"ကိုယ်လည်း သီချင်းနားထောင်နေတာပဲ"
"သြော....."
စကားပြောရတာ တစ်မျိုးကြီး ဖြစ်နေသလိုပဲ။ ဘာလွဲနေမှန်းလည်း မသိဘူး။
"အစ်ကိုက 'က ကွက်' တွေ စဉ်းစားရင်း နားထောင်နေတာလား"
အစ်ကိုဘက်က စက္ကန့်အတော်များများ တိတ်ဆိတ်သွားသည်။
"မဟုတ်ပါဘူး...ဒီတိုင်း နားထောင်နေတာ"
"......"
"ဒီလိုလုပ်ရအောင်...ကိုယ်တို့ စကားပြောရင်းနဲ့...နားထောင်နေတဲ့ သီချင်းကို အပြန်အလှန်ပြောပြကြမယ်....အဆင်ပြေမလား"
"အင်း...ပြေတာပေါ့"
"ကိုယ် အခု နားထောင်နေတာ...Martin Garrix နဲ့ Troye Sivan ရဲ့ There for you"
ကျွန်တော် အာရုံကို အိပ်ခန်းထဲက soundbox ဆီ ပြန်ပို့လိုက်သည်။ ကျွန်တော် တကယ်တော့ သီချင်းဆီ အာရုံမရောက်ပါ။
YOU ARE READING
Your Smile (Unicode)
Fanfictionအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world