ကိုယ့်အိမ်ကိုရောက်တော့ နေ့တိုင်းတွေ့နေရတဲ့ ဥယျာဉ်က ပန်းတွေလည်း ပွင့်နေပြီး တိုက်ပြာလေးက ပိုလှနေသလိုပင်။
"ဒါ မင်း တစ်ယောက်တည်း နေတာလား"
"အင်း...လာ....ရေချိုးချင်ရင် ငါ့အခန်းထဲ လာချိုး...ဒါမှမဟုတ် ငါ အခန်း သပ်သပ်ပြင်ပေးရမလား"
"ဟင့်အင်း...ရတယ်"
"မင်း ဘာဟင်းတွေ ကြိုက်လဲ chanyeol"
"ရတယ်...အဆင်ပြေသလိုပဲ လုပ်ပါ"
chanyeol ကို ကျွန်တော့်အခန်းထဲ ထားခဲ့ပြီး အိမ်အကူအဒေါ်ကြီး ဆီ ပြေးခဲ့သည်။
"ကျွန်တော့်ကို ချက်လို့ရတာ အကုန်ချက်ပေးပါ...ဒေါ်လေး"
"sehun လေး...သူငယ်ချင်းတွေ ရနေပြီကိုး...စိတ်ချ....ဒီညစာ အကောင်းဆုံး ဖြစ်စေရမယ်"
chanyeol ရေချိုးနေတုန်း အခန်းထဲက ရှုပ်နေသည်များကို ရှင်းရသည်။ ဧည့်သည်မလာတတ်သည်မို့ ဘယ်လိုပြင်ဆင်ထားရမှန်း မသိ။
ရေသံတိတ်သွားတာကြောင့် အင်္ကျီအမြန်ရွေးလိုက်သည်။ သူက ကျွန်တော့်ထက် နည်းနည်းလေး ထွားသည်မို့ ဆိုဒ်ကြီးကြီး ရွေးပေးလိုက်သည်။
"sehun...ဘာလုပ်နေတာလဲ"
"အင်္ကျီ...မင်းနဲ့ တော်ပါ့မလား...ငယ်နေရင် ငါ အခု သွားဝယ်လိုက်မယ်"
"မဟုတ်တာ...ပုံမှန်ပဲ လုပ်စမ်းပါ...ငါက ဧည့့်သည်ကြီး မဟုတ်ပါဘူး"
"ငါ....ပုံမှန် မဟုတ်လို့လား"
"မဟုတ်ဘူး.....မင်း ရေချိုးတော့....ငါ ဗိုက်ဆာနေပြီ"
chanyeol ဗိုက်ဆာနေပြီ ဆိုသဖြင့် အလျင်အမြန် ရေချိုးလိုက်သည်။ အရင်အိမ်မှာလည်း ဧည့်သည်လို ဖေဖေ ပြန်လာတတ်သည်က လွဲရင် ညအိပ်ဧည့်သည်ဆိုတာ ရှိမှ မရှိဖူးခဲ့တာ။
"ဟင်းတွေက အများကြီးပဲ"
"မင်း ဘာကြိုက်မှန်းမသိလို့ အကုန်ချက်ခိုင်းလိုက်တာ"
chanyeol က ဘာမှမပြောတော့။ ထမင်းဆက်စားနေသည်။
"အဆင်ပြေရဲ့လား...ဘာလိုသေးလဲ"
"ငါက အဆင်ပြေပါတယ်...မင်းက ဘာမှ မစားတာ"
"အင်း....အင်း"
YOU ARE READING
Your Smile (Unicode)
Fanficအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world