ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်တွေကို အစ်ကိုက အထပ်ထပ်ပွတ်သုတ်ပေးနေရင်း....
"ကိုယ် ခြိမ်းချောက်တာတွေကို အရမ်းကြောက်သွားတာလား"
ကျွန်တော် ထိုင်နေရင်းပဲ အစ်ကို့လည်ပင်းကို သိုင်းဖက်လိုက်သည်။ ဇွတ်အတင်း တိုးဝင်ပွေ့ဖက် .....
"တစ်သက်လုံး....တစ်သက်လုံးနော်....အစ်ကို....ကျွန်တော့်ကို မလွှတ်လိုက်ရဘူး"
"အင်း...မငိုနဲ့တော့ နော်"
အစ်ကိုက ကျွန်တော့်ကျောပြင်ကို ဖွဖွလေး ပွတ်သပ်ပေးတာ သဘောကျသည်။ ဖက်ထားတာကို ခွာလိုက်တော့ အစ်ကိုက မျက်ရည်တွေကို တယုတယပွတ်သုတ်ပေးသည်။
အပြာနုရောင် အင်္ကျီအစင်းလေးနှင့်....
တောက်ပနေသော အပြုံးနှင့်.....
အစ်ကိုက တကယ့်ကို
ကောင်းကင်ကမွေးဖွားတဲ့ အိန်ဂျယ်လ်....."အိပ်မက်မက်နေတာတော့ မဟုတ်ဘူး ထင်တာပဲ.....ဒါပေမဲ့ အိပ်မက်ဆန်တယ်"
အစ်ကိုက ကျွန်တော့်လက်ဖဝါးကို ဆုပ်ကိုင်ပြီး သူ့ပါးပေါ် တင်ပေးသည်။
"အိပ်မက်ဆိုရင်တောင် ပျော်ရတယ် မဟုတ်လား"
"ကျွန်တော် ရူးသွားတော့မလိုပဲ"
"အတူတူ ရူးကြမယ်လေ"
သူ အဲလို ဆက်ပြုံးနေမယ်ဆိုရင်တော့ ကျွန်တော် တကယ် ရူးသွားမလား မပြောနိုင်ဘူး။
"ကျွန်တော် အစ်ကို့ကို အရမ်းချစ်တာနော်...အစ်ကို သိတယ်မလား....တကယ် အရမ်းချစ်တာ"
"အင်း....သိပါတယ်"
မယုံရဲသလို ဖြစ်နေပေမဲ့ အဲဒီအတွေးက တစ်စက္ကန့်တောင် မဝင်သင့်တာ ကျွန်တော်သိပါတယ်။
အားလုံးကို မေ့ထားလိုက်စမ်းပါ.....
အစ်ကိုနဲ့ အခုလို အတူရှိနေရတဲ့အချိန်ထက်
ဘာကမှ ပိုအရေးမကြီးနိုင်ဘူး။"လာ....ထ....အများကြီး စဉ်းစားမနေနဲ့"
"ကျွန်တော် အစ်ကို့ရဲ့ ကိုကိုနဲ့ တွေ့ခဲ့သေးတယ်"
"သူက ဘာတွေ ပြောလို့လဲ....ဘာမှ မပြောလောက်ပါဘူး...သိပ်ဂရုစိုက်မနေနဲ့..."
YOU ARE READING
Your Smile (Unicode)
Fanfictionအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world